နိုင်ရိုဘီ ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ၌ အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့(AMISOM) အစီအစဉ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်နေသော ကင်ညာစစ်သားများသည် အယ်လ်ရှာဘတ်စစ်သွေးကြွ ၅၂ ဦးကို ဆိုမာလီယာနိုင်ငံတောင်ပိုင်း၌ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၌ ဓာတုလက်နက်ဖြင့်တိုက်ခိုက်ခဲ့သည့် ကိစ္စရပ်ကို ဖြစ်နိုင်ခြေရှိသော သက်သေပြချက် လေ့လာရန် ရုရှား နှင့် အမေရိကန် နိုင်ငံတို့သည် ဧပြီလ ၂၁ ရက်က သဘောတူညီခဲ့ကြကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုသည်။
နေပြည်တော်၊ ဧပြီ ၂၁ (ဆင်ဟွာ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအား မေလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော ်(တောင်ပိုင်း) မှ တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ ပြောသည်။
ရှန်ဟိုင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်ကျင်းပသည့် ရှန်ဟိုင်း မော်တော်ယာဉ်လုပ်ငန်းပြပွဲတွင် မောင်းသူမဲ့ ကားများနှင့်အတူ နောက်ဆုံးပေါ် ဒီဇိုင်းဆန်းကားများကို ပါ ပြသခဲ့ ပြီး ပရိသတ်များစွာ၏ စိတ်ဝင်စားမှုများစွာရရှိခဲ့သည်။ (Xinhua)
အေသင် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ဂရိ နိုင်ငံ သမ္မတ Pavlopoulos သည် ဧပြီလ ၂၀ ရက်နေ့က အေသင် မြို့တွင် ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် (Cai Mingzhao) နှင့်တွေ့ဆုံခဲ့စဉ် အတွင်း မကြာခင် ပေကျင်းမြို့၌...