အယ်လ်ဂျီးရီးယား ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ၌ ယနေ့တွင် စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁ဝ၅ ဦးထက်မနည်း သေဆုံးသွားကြောင်း ကနဦးသတင်းများအရ သိရသည်။(Xinhua)
ကိုင်ရို ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ်တွင် တန်ဒါမြို့နှင့် အလက်ဇန်းဒါးမြို့၌် ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုကြောင့် တရားစွဲဆိုခံရ သူ ၃၆ ဦးအား အီဂျစ်နိုင်ငံ အလက်ဇန်းဒါးမြို့ရှိ စစ်ဘက်ဆိုင်ရာတရားရုံးက ဧပြီလ ၁၀ ရက်တွင် သေဒဏ် အဖြစ် ကနဦးအမိန့်စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရှိအပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ဒေသများ ရေရရှိရေးအတွက် လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဂ္ဂဒက်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံအတွင်းရှိ IS အစွန်းရောက်များ၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်ရန် အီရတ်က လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံဘက်က ပြောကြားလိုက်သည်။