Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ တွေ့ဆုံ (ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအဖြစ် တည်ဆောက်ရာတွင် အဂတိတရားကင်းရှင်းမှုသည် မရှိမဖြစ်လို အပ်ပါကြောင်း၊ အဂတိတရားကင်းရှင်းမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု၊ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့်လည်း ဆက်စပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များကို တိတိ ကျကျမှန်မှန်ကန်ကန်ဖြင့် ပိုမိုလုပ်ဆောင်စေလိုပါကြောင်း၊ အဂတိလိုက်စားမှုများ လျော့ ပါးသွားပါက ပြည်သူများ၏အကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်ပါကြောင်း ပြောကြားသည်။

ကော်မရှင်အနေဖြင့် မိမိလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့် အာဏာအရှိန်အဝါရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုများ၊ စွပ်စွဲခံရသူဘက်မှ အကာ အကွယ်ပေးမှုများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း၊ ကော်မရှင်အား ဖွဲ့စည်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကော်မရှင်အဖွဲ့ခွဲများထားရှိခြင်း သို့မဟုတ် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဖွဲ့စည်းခြင်း သို့မဟုတ် တာဝန်ခံ ပုဂ္ဂိုလ် သတ်မှတ်ထားရှိခြင်း စသည်ဖြင့် ဖြစ်နိုင်ခြေရှိသည့် အနေအထားကိုသုံးသပ်၍ တိုးချဲ့ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ အဖွဲ့ဝင် များဖြစ်ကြ သည့် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဦးအောင်သန်းမြင့်၊ ဦးခင်မောင် မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်းနှင့် ဒေါ်လဲ့လဲ့သွင်တို့လည်း တက်ရောက် ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.