ဒါကာ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာ ၁၂.၆၅ ဘီလီယံ ကုန်ကျပြီး မဂ္ဂါဝပ် ၂၄၀၀ ထွက်ရှိမည့် နျူကလီယား ဓာတ်အားပေး စက်ရုံ တစ်ခုအား တည်ဆောက်ရေး အဆိုပြုချက်တစ်ခုအား ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ ကော်မတီက ခွင့်ပြုလိုက်သည်။
ဖူကျိုး၊ ဒီဇင်ဘာလ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မှ ပုံစံထုတ်လုပ်ထားသော ဓါတ်ပေါင်းဖို အသုံးပြုထားသည့် နျူကလီးယား စီမံကိန်း ၏ရှေ့ပြေး တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် ဒုတိယမြောက် ယူနစ်အား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖုကျင့်ပြည်နယ်၊ ဖုကျင်း ၌ စတင် ဆောက်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုကြောင့် သေဒဏ်ချခံရသော မြန်မာလုပ်သားနှစ်ဦး၏ အယူခံအဆင့်ဆင့် အတွက် မြန်မာအစိုးရက ကူညီပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
ဂျာကာတာ၊ ဒီဇင်ဘာ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား အရှေ့ပိုင်း ဒီဇင်ဘာလ ၁၉ ရက်နေ့က လှေတိမ်းမှောက်ခဲ့မှုကြောင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရုပ်အလောင်း ၆ လောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ကျန်ပျောက်ဆုံးနေသူ ၅၈ဦးအား ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ဟေလုံကျန်း၊ ဒီဇင်ဘာ (၂၃) ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် ဆောင်းရာသီအတွက် ကမ္ဘာ့အကြီးဆုံး ဟာဘင်း ရေခဲနှင့် နှင်း ဥယျာဉ်အား ဒီဇင်ဘာလ (၂၂) ရက်နေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါဥယျာဉ်တွင် နှင်းခဲနှင့်ရေခဲ တန်ချိန်ပေါင်း ၃သိန်း၃သောင်းအားအသုံးပြုပြီး ရေခဲရုပ်တုပေါင်း ၇ဝ...