ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ) အခြေခံဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားလာမှုကို ကာမိစေရန် ရည်ရွယ်၍ ပညာရေး ဝန်ကြီးဌာနက လာမည့် ပညာသင်နှစ် အတွင်း ဆရာ တစ်သိန်းကျော် ခန့်အပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ) ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကျောင်းတက်ရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ ကျောင်းများ၌ တက်ရောက် လာနိုင်ရေး အတွက် ပညာသင်စရိတ် ပံ့ပိုးကူညီမှု အစီအစဉ် များကို တိုးချဲ့ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဂျာကာတာ၊ မတ် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြား၌ မတ်လ ၄ရက်နေ့က ဖယ်ရီသင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးခဲ့သည့် သင်္ဘောကပ္ပတိန်၏ရုပ်အလောင်းအား နစ်မြုပ်နေသည့် သင်္ဘောအတွင်းမှ ကယ်ဆယ်ရေးသမားများက မတ်လ ၆ရက်နေ့တွင် ဆယ်ယူနိုင်ခဲ့ပြီး သင်္ဘောနစ်မြုပ်မှု၌ သေဆုံးသူ ၅ဦး အထိရှိလာကြောင်း ကယ်ဆယ်ရေး သမားများက ပြောကြားခဲ့သည်။
ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်လေးခုအား မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင် နောက်ထပ်ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်း လုပ်ငန်းလည်ပတ်ရန် ခွင့်ပြု ထား သည့် နိုင်ငံခြားဘဏ်အရေအတွက်မှာ ၁၃ ခုရှိလာပြီဖြစ်ကြောင်းသိရသည်။
မိုဂါဒစ်ရှူး၊ မတ် ၆ ရက် (ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ တောင်ပိုင်း၊ Gedo ဒေသ၊ Bardhere မြို့အနီးတွင် မတ်လ ၅ရက်နေ့က ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံးလူသုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။