Connect with us

Economy

ရှိုးအန်းနယ်မြေသစ်တွင် ပထမဆုံး ဆန်းသစ်တီထွင်မှု စင်တာ ဖွင့်လှစ်

ရှိုးအန်း စီးပွားရေးဇုန် အသစ် တည်ရှိရာ တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေးပြည်နယ် Xiongxian နယ်မြေအား တွေ့ရစဉ် (ဆင်ဟွာ)

ရှိုးအန်း၊ ဟဲဘေး၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေးပြည်နယ်တွင် ရှိုးအန်းနယ်မြေသစ် (Xiongan New Area) တွင် ပထမဆုံး ဆန်းသစ်တီထွင်မှုနှင့် စင်တာအား မတ်လ ၂၄ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ယင်းစင်တာသည် စွမ်းအင်သစ်၊ အင်ဂျင်နီယာဆိုင်ရာ သတင်းအချက်အလက်၊ အသုံးအဆောင်သစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေးနှင့် ဆက်စပ်သည့် စီမံကိန်းများအား ထောက်ပံ့ပေးနိုင်ရန် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။

အဆိုပါစင်တာနှင့် ကုမ္ပဏီ ၁၁ ခု လက်မှတ်ရေးထိုးထားပြီး ဉာဏ်ရည်တု၊ အင်တာနက်လုံခြုံရေး၊ ပကတိနီးပါး၊ New retailing နှင့် အွန်လိုင်း ပညာရေး စသည်တို့ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်ထားကြောင်း သိရသည်။

ရှိုးအန်း စီးပွားရေးဇုန် အသစ်သည် စက်မှုဇုန်အသစ် တစ်ခုဖြစ်ပြီး မြို့တော်ပေကျင်း အနောက်တောင်ဘက် ၁၀၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိကာ ၂၀၁၇ ခုနှစ် ဧပြီလက စတင်တည်ထောင်ခဲ့သည်။ ထိုစီးပွားရေးဇုန်သည် ရှန်းကျန့် အထူးစီးပွားရေးဇုန်နှင့် ရှန်ဟိုင်းဖူတုံ နယ်မြေသစ်များပြီးနောက် တတိယမြောက် အရေးပါသော အမျိုးသားနယ်မြေသစ် တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.