နေပြည်တော်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် မတ် ၂၁ရက်နေ့မှစ၍ သမ္မတရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လစ်လပ်နေသော သမ္မတရာထူးနေရာကို နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယ ဆန္ဒမဲအများဆုံးရရှိခဲ့သည့်...
ရှန်းကျန့်၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်းကျန့်ဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဋ္ဌာန၏ ထုတ်ပြန်ချက်များအရ ရှန်းကျန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြစ်ပေါင်း ၇၈ စင်းမှ ရေနမူနာများကိုရယူရာ ၉၈ ရာခိုင်နှုန်းကျော်မှာ သောက်သုံးရေအရင်းအမြစ်အဖြစ်အသုံးချနိုင်ကြောင်းဆိုသည်။ ၂ဝ၁၇ ခုနှစ်တွင် ကောက်ယူထားသော စစ်တမ်းများအရ တရုတ်နိုင်ငံ ရှန်းကျန့်ဒေသသည် လွန်ခဲ့သည့် ၄ နှစ်တာကာလထဲတွင် ရေကောင်းရေသန့်များရရှိရာဒေသတစ်ခုဖြစ်လာခဲ့ပြီး သာယာလှပသော...
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အခြေပြုဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ပိုမိုတိကျသည့် အချက်အလက်များကို တိုင်းဒေသကြီးအစိုးရမှ လာမည့်မေလ၌ ထုတ်ပြန်သွားရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
မနီလာ၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ရှိ မင်ဒိုရိုပြည်နယ် Sablayan မြို့ ရှိ အဝေးပြေးလမ်းမတစ်ခု တွင် မတ် ၂၀ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့ရာ လူ ၁၉ဦးသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက မတ်လ ၂၉ ရက်တွင် Panmunjom အပစ်အခတ်ရပ်စဲရေးကျေးရွာရှိ မြောက်ကိုရီးယားပိုင် အဆောက်အအုံတစ်ခုဖြစ်သော Tongilgak ၌ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန် ယနေ့ (မတ်လ ၂၀ ရက်) ကမ်းလှမ်းလိုက်ကြောင်း သိရသည်။