ဝါရှင်တန် ၊ မတ်လ ၁၆ ရက်(ဆင်ဟွာ) မိုင်ယာမီမြို့အနောက်ဘက်ရှိ ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ် အနီးတွင် ဆောက်လုပ်နေဆဲ လူကူးတံတားတစ်စင်း မတ်လ ၁၅ ရက်နေ့က ပြိုကျမှုဖြစ်ပွားခဲ့သည်။
ပြုံယမ်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho သည် မတ် ၁၅ရက်တွင် ဆွီဒင်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံပိုင် Korean Central News Agency (KCNA) သတင်းဋ္ဌာနက မတ် ၁၆ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ လျော့ကျ စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်၊ ကြူကုတ်(ပန်ဆိုင်း) ကျေးရွာအနီး၌ မိုင်းတစ်လုံး တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။