Connect with us

North America

အမေရိကန်တွင် ဆောက်လုပ်နေဆဲလူကူးတံတားပြိုကျမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ

လူကူးတံတား ပြိုကျပျက်စီးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ မတ်လ ၁၆ ရက်(ဆင်ဟွာ)

မိုင်ယာမီမြို့အနောက်ဘက်ရှိ ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ် အနီးတွင် ဆောက်လုပ်နေဆဲ လူကူးတံတားတစ်စင်း မတ်လ ၁၅ ရက်နေ့က ပြိုကျမှုဖြစ်ပွားခဲ့သည်။

လူကူးတံတားပြိုကျပျက်စီးမှုကြောင့် တံတားအောက်တွင်ပိမိနေသော ယာဉ် အနည်းဆုံး ၈ စီး ရှိပြီး သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၉ ဦးရှိပြီဖြစ်ရာ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ဆေးကုသရန်ပို့ဆောင်ပြီးဖြစ်ကြောင်း အမေရိကန် ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ ဒါဒဲခရိုင် မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်များအရ သိရှိရသည်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Rick Scott က ကူညီကယ်ဆယ်မှုများကို အစွမ်းကုန်လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည့်အပြင် တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုပါသည်။

ပြိုကျသွားသည့် ၎င်းလူကူးတံတားကို လွန်ခဲ့သော ရက်အနည်းငယ်ကမှစတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး နောက်နှစ်နှစ်ဦးပိုင်းတွင် အသုံးပြုရန်စီစဉ်ထားကြောင်း ၊ အရှည် ၅၃ မီတာ အလေးချိန်တန် ၉၅၀ ရှိသော လူကူးတံတားမှာ ဖလော်ရီဒါနိုင်ငံတကာတက္ကသိုလ်ကျောင်းဝန်းနှင့် ပြင်ပကို ဆက်သွယ်ထားသောတံတား ဖြစ်ပြီး ဆောက်လုပ်တန်ဖိုးငွေ အမေရိကန် ဒေါ်လာ သိန်း ၁၄၀ ရှိကြောင်း ၊ တာဝန်ခံဆောက်လုပ်နေသည့် ကန်ထရိုက်တာက ယခုကိစ္စနှင့်ပတ်သတ်သော စစ်ဆေးဆောင်ရွက်မှုများကို လိုက်နာဆောင်ရွက်သွားမည်ဟု ဆိုကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.