ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပေါရိသတ်မြို့ဟောင်း (ခေါ်)ကောသမ္ဘီမြို့ဟောင်း မြို့ဝင်ပေါက် စမ်းသပ် တူးဖော် သုတေသနပြုလုပ်ငန်းဆောင် ရွက်ပြီးစီးကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဂျနီဗာ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မွေးရာပါ ဦးနှောက်သေး ရောဂါနှင့် အာရုံကြော မူမမှန် ဖြစ်ပွားမှု ဘရာဇီးနိုင်ငံတွင် များပြားလာခြင်းကြောင့် နိုင်ငံတကာ နှင့် စပ်ဆိုင်သော လူထုကျန်းမာရေး အရေးပေါ် စိုးရိမ်ရမှု အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဖေဖော်ဝါရီလ ၁...
ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) နိုင်ငံခြားသားများ ယာဉ်မောင်းလိုင်စင်လာရောက်လျှောက်ထားမှု များတွင် နိုင်ငံတကာအသိအမှတ်ပြု ယာဉ်မောင်းလိုင်စင် (International Driving License ) ရှိမှသာ လိုင်စင်ထုတ်ပေးခြင်းဖြစ်ပြီး၊ တခြားအသိအမှတ်ပြုလက်မှတ်များ ဖြစ်ပါက သေချာပြန်လည် စစ်ဆေးပြီးမှသာ လိုင်စင်ထုတ်ပေးလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ကမ္ဘာ့ရေနံဈေးနှုန်း ဆက်တိုက် ကျဆင်းမှုကြောင့် မြန်မာနိုင်ငံ၏ ရေနံရှာဖွေ တူးဖော်ရေး လုပ်ငန်းကဏ္ဍတွင် အကျိုး သက်ရောက်မှု များနှင့် ထိခိုက် နစ်နာမှုများ ရှိလာနိုင်ကြောင်း မြန် မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စီချွမ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မျိုးဆက်သစ် ဂြိုလ်တု တစ်ခုအား ကမ္ဘာ့လမ်းကြောင်း နှင့် တည်နေရာ ကွန်ရက်အား ထောက်ပံ့ပေးနိုင်ရန်အတွက် ပေကျင်းစံတော်ချိန် ၃း၂၉ နာရီတွင် ဂြိုလ်ပတ်လမ်းကြောင်း အတွင်း သို့ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။