ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကိုးဦးအား အစားထိုးပြောင်းလဲခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံနှင့် နီးကပ်နေသော ဆော်ဒီအာရေဗျနိုင်ငံ ရှိ နယ်စပ်မြို့တစ်မြို့တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့၍ ဆော်ဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဖေဖော်ဝါရီ ၂ ရက်တွင် တွစ်တာ၌ ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုးရက်အတွင်း တရားမဝင်သစ် တန်ဖိုး ကျပ်သိန်းပေါင်း ၂၆၀၀၀ကျော် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရှိ ကျေးလက်များအား ၂၀၃၀ ခုနှစ်တွင် အချိန်မရွေး သွားလာ၍ ရသည့် လမ်းများ ဖြစ်ရန် အစိုးရ ဘတ်ဂျက် နှင့် နိုင်ငံတကာ အကူအညီများ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် ယမန်နေ့ည က လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်ခြေ ၂၉လုံး မီးလောင်ကာ ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း ကျပ် ၂၂၇သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။