Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ခရီးသည်တင်လေယာဉ် ထုတ်လုပ်မှုမှ ၂ဝ၁၇ ခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ သန်း ၆ဝဝ ရရှိခဲ့

တရုတ်နိုင်ငံမှ ထုတ်လုပ်ခဲ့သော ခရီးသည်တင် လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

အဲယားဘတ်စ် Airbus လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီက တရုတ်နိုင်ငံနှင့်လေယာဉ်ထုတ်လုပ်မှုဆိုင်ရာ စက်မှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်တိုးတက်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇ ခုနှစ်တွင် ထုတ်လုပ်သည့် လေယာဉ်ရောင်းဝယ်မှုမှ အမေရိကန်ဒေါ်လာသန်း ၆ဝဝ နီးပါး ရှိခဲ့ကြောင်း ဇန်နဝါရီ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဥရောပလေယာဉ်ထုတ်လုပ်မှု အကြီးဆုံးကုမ္ပဏီသည် တရုတ်နိုင်ငံနှင့်မိတ်ဖက်ပြု၍ လေယာဉ်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ခြင်းကို အတူတကွ လုပ်ဆောင်ကာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခဲ့ပြီးဖြစ်သည်။ A330 လေယာဉ် ကိုယ်ထည် တည်ဆောက်မှုကို Tianjin ၌လည်းကောင်း ၊ ၎င်း၏ ကမ္ဘာတစ်ဝန်း ဒုတိယမြောက် တီထွင်ဆန်းသစ်မှုဗဟိုဌာနအဖြစ် Shenzhen ၌အခြေပြု၍လည်းကောင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်း(Tianjin)၌ ရှိသော Airbus Final Assembly Line Asia (FALA) သည် တရုတ်နိုင်ငံ နှင့် ဥရောပ အတွက် ခေါင်းတိုင်နေရာ တစ်ခုဖြစ်လာပါတယ်။ ကျွန်တော်တို့က ပိုမို နက်ရှိုုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ပါတယ် ” ဟု တရုတ်နိုင်ငံ ခရီးသည်တင်လေယာဉ် စီးပွားဖြစ်ထုတ်လုပ်မှု COO မှ Francois Mery က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သော နှစ်များမှ စတင်ကာ နှစ်စဉ် တစ်နှစ်လျှင် ခရီးသည်တင် လေယာဉ်အသစ် အစီး ၁ဝဝ ကျော် လက်ခံရရှိခဲ့ပြီး တစ်ကမ္ဘာလုံးအတွက် တင်ပို့နေသော ခရီးသည်တင်လေယာဉ်၏ ၂ဝ မှ ၂၅ ရာခိုင်နှုန်းထိ ရှိကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် နိုဝင်ဘာလကုန်ထိ တရုတ်နိုင်ငံတွင် သယ်ယူပို့ဆောင်ရေးလုပ်ဆောင်နေသော ခရီးသည်တင်လေယာဉ် အစီး ၁၅ဝဝ ကျော် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.