မော်စကို၊ ဒီဇင်ဘာ ၂၈ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဒီဇင်ဘာ ၂၇ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုးလ်၊ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က ၂ဝ၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့်ရေးထိုးခဲ့သော သဘောတူညီချက်တစ်ခုဖြင့် စစ်ပွဲကာလအတွင်း ဂျပန်တို့ကျူးလွန်ခဲ့သော လိင်ကျွန်ပြုမှုကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒါကာ ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေတပ် ၏ လေ့ကျင့်ရေး လေယာဉ် နှစ်စင်း သည် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပျက်ကျ ခဲ့ပြီး လက်ရှိချိန်တွင် လေယာဉ် ပျက်ကျမှု ကြောင့် လေယာဉ်မှူးများ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)က အိမ်အလုံး ၆၀၀ ကျော် တည်ဆောက်နေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ တုန်းဟိုင်ကမ်းလွန်လေစွမ်းအင်စက်ရုံမှာ ပထမဆုံးကမ်းလွန်လေစွမ်းအင်စက်ရုံဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အား အသုံးပြုလာသည့် စီမံကိန်းမှာထင်ရှားလာပြီဖြစ်သည်။ အဆိုပါ လေစွမ်းအင်စက်ရုံမှာ နှစ်စဉ် ကီလိုဝပ် နာရီပေါင်း ၂၆၇ သန်း ထုတ်လုပ်ပေးမည်ဖြစ်သည်။ ထို့ကြောင့်ထိုလေစွမ်းအင်စက်ရုံစတင်လည်ပတ်ပါကကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကိုလျှော့ချနိုင်မည် ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကိုလည်းသိသာစွာလျော့ချပေးနိုင်မည်ဖြစ်သည်။ (Xinhua)