ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂ဝ၄/၄)နှင့် (၂ဝ၄/၅) ကြား၌ လမ်းတိုးချဲ့ရာတွင် ဗုံးသီးဟောင်းများ တွေ့ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဒုတိယနေ့ အစည်းအဝေးတွင် အချက် ၂၁ ချက်ကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတစ်ဝန်းမှ အနက်ရောင်ဝတ်ဆင်ထားသော ထိုင်းလူမျိုး သန်းပေါင်းများစွာ နှင့် နိုင်ငံတကာမှ အခြားပြည်သူများသည် ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်၏ သမိုင်းဝင် မီးသဂြိုလ်ခြင်း ဈာပနအခမ်းအနားသို့ အောက်တိုဘာ ၂၆ ရက်က တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။
မန္တလေး၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပထမဆုံး တန် တစ်သောင်း ဘိလပ်မြေစက်ရုံကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့စက်မှုဇုန်တွင် ယနေ့ စတင် ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွားရေး သံမှူး မစ္စတာရှဲကော်ရှန်...