Connect with us

Latin America

ရော်နယ်ဒင်ဟို ဘောလုံးလောကမှ အနားယူပြီ


ရီယိုဒီဂျနေရို၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

ကမ္ဘာ့ချန်ပီယံဘရာဇီးဘောလုံးအသင်း ကစားသမား နှင့် ဖီဖာ(FIFA) ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၂ ကြိမ်ဆွတ်ခူးရရှိထားသော ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒင်ဟိုသည် ဘောလုံးလောကမှ တရားဝင် အနားယူသွားခဲ့ပြီဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်နှစ်ကျော်က ဘောလုံး နောက်ဆုံးကစားခဲ့ပြီး ယခုအခါ အနားယူကြောင်း ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒင်ဟို၏ အစ်ကို နှင့် အေးဂျင့်ဖြစ်သူ ရော်ဘတ်တိုအက်စစ်က အနားယူခြင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

“ သူနားသွားပါပြီ။ သူအဆုံးသတ်လိုက်ပါပြီ” ဟု အက်စစ်က ဆိုသည်။ “ ဆုံးဖြတ်ချက်က ချထားပြီးသားပါ။ ဒါကို အတည်ပြုဖို့ပဲ လိုတာပါ။ သူမကစားဖြစ်တာလည်း တော်တော်ကြာပါပြီ”

ရော်နယ်ဒင်ဟို နှုတ်ဆက်ပွဲကို ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ ပရိသတ်များ ပါဝင်ဆင်နွှဲခွင့်ရစေရန် ရည်ရွယ်ပြီး ၎င်းအတွက် ဂုဏ်ပြုဘောလုံးပွဲများကို ဆက်တိုက်ကျင်းပသွားရန် ရှိကြောင်း အက်စစ်က ဆိုသည်။

ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒင်ဟို အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

“ ဘရာဇီး ၊ ဥရောပ နဲ့အာရှ တိုက်တွေ မှာ ဂုဏ်ပြုကစားပွဲတွေကို ပြုလုပ်သွားမှာပါ။ ဘရာဇီးအသင်းနဲ့ပါ ဂုဏ်ပြုပွဲ ကစားဖို့စီစဉ်နေပါတယ် ” ဟုပြောကြားခဲ့သည်။

ရော်နယ်ဒင်ဟိုသည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့အခြေစိုက် ဖလူမီနီစ်အသင်းနှင့် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် လမ်းခွဲခဲ့ပြီးချိန်ကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ရသည်။

၎င်းသည် ဘာဆီလိုနာ နာမည်ကျော် ကလပ် အသင်း အတွက် ပွဲများ အပါအဝင် သရုပ်ပြ ဘောလုံးပွဲပေါင်းများစွာကိုလည်း ကမ္ဘာတစ်ဝန်းတွင် ကစားခဲ့သည်။

ရော်နယ်ဒင်ဟိုသည် ဘရာဇီးနိုင်ငံ ဂရီမီယို(Gremio) အသင်း၌ ပထမဆုံး ဘောလုံးသမားဘဝ အစပြုခဲ့ပြီး ယင်းနောက်တွင် ပြင်သစ် ပါရီစိန့်ဂျာမိန်း ၊ စပိန် ဘာဆီလိုနာ ၊ အီတလီ အေစီမီလန် ၊ ဘရာဇီး ဖလာမင်ဂို ၊ ကွီရီတာရို နှင့် ဖလူမီနီစ် အသင်းများတွင် ပါဝင်ကစားခဲ့သည်။

၎င်းသည် ၂ဝဝ၄ ခုနှစ် နှင့် ၂ဝဝ၅ ခုနှစ်များတွင် FIFA ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခြင်းခံရပြီး ၂ဝဝ၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆွတ်ခူးခဲ့သော ဘရာဇီးအသင်း၌ ပါဝင်ကစားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.