ဖိုင်ဇာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့မှ ဒေသဆိုင်ရာ တာလီဘန် ခေါင်းဆောင် တစ်ဦးအား ဘဒက်ရှန် ပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေးဆိုခွင့်ရှိသူက စနေနေ့က ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရမှ အဆိုပြုထားသော အငြင်ပွားဖွယ် လုံခြုံရေး ဥပဒေအား အထက်လွှတ်တော်မှ စနေနေ့ အစောပိုင်းက အတည်ပြုလိုက်ပြီးနောက် ယင်းဥပဒေကို ဂျပန်နိုင်ငံအနေဖြင့် နှိုင်းနှိုင်းချိန်ချိန် ကျင့်သုံးသင့်ကြောင်း တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာ့ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။
ရှီအန်း ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စံရှီးဒေသရှိ ဆေးရုံတစ်ခု၌ ရှားပါးပြီး ခက်ခဲသော အူသိမ်အစားထိုး ကုသမှု တစ်ခုအား စက်ရုပ် အကူအညီဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
နန်နင်း ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အာဆီယံ-တရုတ် မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေးသည် ဒေသတွင်း တည်ငြိမ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလွန် အရေးပါကြောင်း မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ တရုတ်နိုင်ငံကွမ်းရှီး ပြည်နယ် နန်နင်း...