Connect with us

Africa & Middle East

MH17 လေယာဉ် ပျက်ကျမှုအား စုံစမ်းစစ်ဆေးမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ယူကရိန်းနှင့် နယ်သာလန် ဆွေးနွေး

MH17 လေယာဉ်မှ ပျက်စီးမှု အစိတ်အပိုင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ ဥပဒေရေးရာ အကြီးအကဲများသည် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံကာ MH17 လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယင်း အစည်းအဝေးသို့ ယူကရိန်းနိုင်ငံ ရှေ့နေချုပ် Yury Lutsenko နှင့် နယ်သာလန်နိုင်ငံ ရှေ့နေချုပ် Fred Westerbeke ၊ နယ်သာလန်နိုင်ငံ ရဲတပ်ဖွဲ့ အမျိုးသား စုံစမ်းစစ်ဆေးရေးဋ္ဌာန ဋ္ဌာနမှူး Wilbert Paulissen နှင့် ယူကရိန်းနိုင်ငံ ပြည်နယ် လုံခြုံရေးလုပ်ငန်း ဋ္ဌာနမှူး Vasyl Grytsak တို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲအတွင်း စုံစမ်းစစ်ဆေးမှု ကြားဖြတ်ရလဒ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ရွက်နိုင်ရေး ပူးတွဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ (JIT) က ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။

မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် MH17 သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်က Amsterdam မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းနေစဉ် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ပဋိပက္ခဇုန်အတွင်း ပျက်ကျသွားခဲ့သည်။ ထို လေယာဉ်နှင့်အတူ လိုက်ပါလာသော နယ်သာလန်နိုင်ငံသား ၁၉၆ ဦး အပါအဝင် ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင် လေယာဉ် ပျက်ကျရခြင်းအား စုံစမ်းစစ်ဆေးရန်အတွက် နယ်သာလန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ယူကရိန်းနှင့် မလေးရှား စသည့်နိုင်ငံများမှ တာဝန်ရှိသူများက ပူးတွဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ (JIT) ဖွဲ့စည်းခဲ့သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် JIT အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ အဆိုပါ လေယာဉ်မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ လွတ်မြောက်ရေး သူပုန်များ ထိန်းချုပ်ထားသောဒေသမှ ရုရှားနိုင်ငံထုတ် ဒုံးပျံဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်။

အဆိုပါ စွပ်စွဲချက်အား ရုရှားနှင့် ယူကရိန်းအရှေ့ဘက်ရှိ သူပုန် ခေါင်းဆောင်ပိုင်းတို့က ငြင်းဆိုထားပြီး ယင်း လေယာဉ်အား ယူကရိန်း အစိုးရပိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသော ပိုင်နက်အတွင်းမှ ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ပြောကြားထားသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်လေယာဉ် ပျက်ကျမှုနှင့် ဆက်စပ်လျက်ရှိသူ ၁၀၀ ဦးခန့်အား ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.