မော်စကို ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၌ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂ဝ ရက်တွင် ၈ နာရီကြာ ယာယီအပစ်အခတ်ရပ်ဆိုင်းထားမည်ဟု အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့အား IS စစ်သွေးကြွအုပ်စုလက်အောက်မှ လွတ်မြောက်စေရန် အီရတ်အစိုးရ၏ လုပ်ဆောင်မှုအား အီရန်နိုင်ငံက ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အောက်တိုဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရသေ့တောင်စခန်းမှ ကျိုက်ထီးရိုး ရင်ပြင်အနီးအထိ ကောင်းကင်ကေဘယ်လ် ကားပြေးဆွဲရေးစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၂၀ သုံးစွဲတည်ဆောက်နေပြီဖြစ်ကြောင်း ကေဘယ်လ်ကား ပြေးဆွဲရေးလုပ်ငန်း အထူးအကြံပေးအဖွဲ့ထံမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်အဖွဲ့၏ ရခိုင်ပြည်နယ်ဖြစ်စဉ် အပေါ် သုံးသပ်ချက်များ အနက် အဓိက အချက်များတွင် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား ခြံစည်းရိုး ခိုင်ခံ့ပြီး လုံခြုံမှု ရှိစေရန် ဘဏ္ဍာငွေ သုံးစွဲ ဆောင်ရွက်ဖို့လိုအပ်သည်...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့အနီး အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုတွင် ၁၅.၁၀.၂၀၁၆ရက်နေ့မှ ၁၇.၁၀.၂၀၁၆ ရက်နေ့၊ နံနက်၁၁း၀၀ အချိန်အထိ ခရီးသည် ၁၅၅ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၈ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအားဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။