နိုင်ရိုဘီ၊ မေ ၃ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၁၈၈ ဦးသေဆုံးခဲ့ရကြောင်း ယင်းနိုင်ငံအစိုးရက မေလ ၂ ရက်၌ ထုတ်ပြန်သည်။ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မိုးသက်မုန်တိုင်းများတိုက်ခတ်ခြင်းတို့သည် နိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုအနက် ၂၈ ခုတွင် လက်ရှိဖြစ်ပွားနေပြီး...
ဝါရှင်တန်၊ မေ ၃ ရက် (ဆင်ဟွာ) ရဲတပ်ဖွဲ့၏ အင်အားအလွန်အကျွံသုံးဆောင်ရွက်မှုကြောင့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ် ၃၀ ကျော်တွင် စစ်ဆန့်ကျင်ရေးဆန္ဒပြမှုများ မေ ၂ ရက်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း၊ AP သတင်းဌာနမှ နောက်ဆုံးကောက်ယူထားသော စာရင်းများအရ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၂,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။...
ဒါကာ၊ မေ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသသုံးခုတွင် မိုးကြိုးပစ်မှု များကြောင့် လူခြောက်ဦးသေဆုံးခဲ့သည်။ မိုးကြိုးပစ်မှုကြောင့် ရမ်ကာမာသီဒေသရှိ နေရာအသီးသီး၌ လူသုံးဦးသေဆုံးပြီး ကော့ဘဇားဒေသမှ လူနှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူနောက်တစ်ဦးမှာ ခါဂရာ့ချ်ဟာရီဒေသမှဖြစ်သည်။ မေ ၂ ရက် | မိုးသည်းထန်စွာရွာသွန်းချိန်တွင် မိုးကြိုးပစ်သဖြင့် ယခုလို...
အန်ကာရာ၊ မေ ၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ လှုပ်ရှားမှုများကြောင့် ယင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုကပ်ဘေး ဆက်တိုက် ဆိုးရွားလျက်ရှိခြင်းကြောင့် အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးအားလုံးကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု တူရကီ ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၂ ရက်၌ ကြေညာခဲ့သည်။ တူရကီနိုင်ငံသည် ဧပြီ...
ဦလန်ဘာတာ၊မေ ၃ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံက ၂၀၂၁ ခုနှစ်တွင် အမျိုးသားအဆင့် သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှု စတင်ချိန်မှ နိုင်ငံတစ်ဝန်း အပင်ပေါင်း ၄၂ သန်း စိုက်ပျိုးထားကြောင်း သမ္မတရုံး ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။ ထို့ပြင် ပျိုးပင်ပေါင်း ၆၃ သန်းထက်မနည်း သိုလှောင်ထားပြီး လာမည့် အမျိုးသားသစ်ပင်စိုက်ပျိုးရေးနေ့တွင် ပြည်သူများ...