ပြုံယမ်း၊ မတ် ၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က မလေးရှားနိုင်ငံမှ သံအမတ်ကြီးအား “လက်မခံသင့်သော ပုဂ္ဂိုလ်” အဖြစ် ခေါင်းစဉ်တပ်ခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၀နာရီ မှ စ၍ ၄၈နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အလိုရှိကြောင်း မတ် ၆ ရက်က...
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒမ် စီဟာမွန်နီနှင့် မယ်တော် ဘုရင်မကြီးဟောင်း နိုရိုဒမ် မွန်နိသ် တို့အား မတ်လ ၆ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အက်ကရာ ၊ ဂါနာ ၊ မတ် ၇ ရက်(ဆင်ဟွာ) ဂါနာနိုင်ငံ၏ နှစ် ၆ဝ မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့တော် အက်ကရာ(Accra) ရှိ ပြည်သူ့ရင်ပြင်၌ မတ်လ ၆ ရက်က ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားတွင် နိုင်ငံအတွင်းရှိ ဒေသဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဝါရှင်တန် ၊ မတ် ၇ ရက်(ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်က မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပနားမား စီးတီး၊ မတ် ၇ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံ အလယ်ပိုင်းတွင် မတ် ၅ ရက်နေ့က ဘတ်စ်ကားတစ်စီး တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများ ကဖောြ်ပခဲ့သည်။