သထုံ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ် သထုံမြို့လယ်၌ တည်ရှိသော လေးဆူဓါတ်စံရွှေစာရံစေတီ တော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ဒေသခံပြည်သူများ လာရောက်ဖူးမြော်သည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်က ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ (Xinhua)
မွန်ပြည်နယ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ် ဇင်းကျိုက်မြို့ ဆားဖိုစုရပ်ကွက်တွင် သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက ပဒေသာပင်အလှူမြင်ကွင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်က ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၁၃၈၇ ခုနှစ် ၊သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဆီမီး ( ၉၀၀၀) ထွန်းညှိပူဇော်ပူဇော်ခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့်...
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော်၌ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၆ ရက်) ညနေပိုင်းတွင် ဘုရားဖူးများ ဆီမီးပူဇော်ကြသည့်မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။ (Xinhua)
ပေါင်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းပြုလုပ်ခြင်းများ လုပ်ဆောင်လေ့ရှိရာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကုသိုလ်ပြုနေမှုမြင်ကွင်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)