ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ရုံးချုပ်မှ ချမှတ်ပေးထားသည့် မူဝါဒ၊ ရည်မှန်းချက်များအတိုင်း တစ်နှစ်တာကာလအတွင်း လက်တွေ့ ဆောင်ရွက်နိုင်ခဲ့မှုများကို သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်များကို စိစစ်ဖော်ထုတ် အဖြေရှာကြရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်း ပိတ်...
ဘကု ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံသမ္မတ Ilharm Aliyev က ဇနီးဖြစ်သူကို နိုင်ငံ၏ ဒုတိယသမ္မတ(၁) အဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ရာထူး ခန့်အပ်တာဝန်ပေးကြောင်း အဇာဘိုင်ဂျန်သမ္မတရုံး အင်တာနက်စာမျက်နှာပေါ်ကတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် တာဝန်ရှိသူများနှင့်အတူ ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် ရုန်းတောင်အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း၊ ထို့အတူ ဟားခါးမြို့နှင့် ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ချာဆတ်ဒါခရိုင်ရှိ တရားရုံး တစ်ရုံးအား ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) က အသေခံ ဗုံးခွဲမှု ဖြစ်ပွားပြီးနောက် လူ ၄ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ယာဉ်စီးရေ အများဆုံးတည်ရှိရာ ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်း မှုကို ဖြေလျှော့သည့်အနေဖြင့် အငှား ယာဉ်(Taxi)များကို ထက်ဝက်ခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။