ဖနွမ်းပင်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အသက် ၁၀၁ နှစ်အရွယ် ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦးဖြစ်သူ ဟိုခမ်း (Ho Kham) သည် ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးနှံပြီးသည့် အသက်အကြီးဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်လာခဲ့သည်။ ၎င်း၏သား အကူအညီဖြင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် လိုက်ပါလာသော...
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်း၌ COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၄၈၀ ကျော်အား ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂ ရက်တွင်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေးများအား ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်ခြင်းသည် အများအတွက် ကောင်းကျိုးဖြစ်စေမည်ဟု...
ဝါရှင်တန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ COVID-19 ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန် Delta မူကွဲဗိုင်းရပ်စ် အပါအဝင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များအား ကာကွယ်နိုင်သည့်အလားအလာရှိသည်ကို ဓာတ်ခွဲခန်းတွေ့ရှိချက်က ဖော်ပြထားကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
ဟာဗားနား၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ ကျန်းမာရေးအာဏာပိုင်များနှင့် သိပ္ပံပညာရှင်များသည် COVID-19 တိုက်ဖျက်ရေးအတွက် ကျူးဘား ကာကွယ်ဆေး ငါးမျိုးအနက် နှစ်မျိုးဖြစ်သော Soberana-02 နှင့် Soberana Plus တို့ကို ကလေးများနှင့် ဆယ်ကျော်သက်များတွင် လက်တွေ့စမ်းသပ်မှု တိုးချဲ့ဆောင်ရွက်ခြင်းအား ဇွန် ၂၈ ရက်က...
ဂျကာတာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ကလေးများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် နှောင့်နှေးခြင်းမရှိဘဲ COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်သွားမည်ဖြစ်ကြောင်း နိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ လူပေါင်း ၄ သန်းသည် ယခုချိန်ထိ အနည်းဆုံး တစ်ကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်(Samdech Techo Hun Sen) က ဇွန် ၂၈...
ဖနွမ်းပင် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာဒီးယားနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် Sinovac COVID-19 ကာကွယ်ဆေး အသစ်တစ်သုတ်သည် ဖနွမ်းပင်မြို့သို့ ဇွန် ၂၆ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ကွမ်ကျိုး၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ်အား ကာကွယ်ရာတွင် အကျိုးသက်ရောက်မှုရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန်တိုက်တွန်းကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါဗေဒပညာရှင် Zhong Nanshan က ဇွန် ၂၅ ရက်တွင် ပြောသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၏မြို့တော် ကွမ်ကျိုး၌...
မနီလာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ Sinovac CoronaVac COVID-19 ကာကွယ်ဆေးများ ဇွန် ၂၄ ရက်က နောက်ထပ်တစ်သုတ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဘိစ်ဂျန် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရ မှ အိုင်ဗရီကို့စ်နိုင်ငံ အစိုးရအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေးများသည် ဇွန် ၂၃ ရက်က အိုင်ဗရီကို့စ်နိုင်ငံ စီးပွားရေးမြို့တော် အစ်ဘိဂျန် သို့ရောက်ရှိလာသည်။ အိုင်ဗရီကို့စ်နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့ကျန်းမာရေးအာမခံမှုဝန်ကြီးဌာန...