ဘန်ကောက် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးထိုးနှံပေးရန် အဖွဲ့အစည်းပေါင်း ၁၇,၀၀၀ ကျော်က ၎င်းတို့၏ အလုပ်သမားများအတွက် ကြိုတင်မှာယူမှုများ ပြုလုပ်ထားကြောင်း ချူလာဘွန်းတော်ဝင်အကယ်ဒမီ(CRA)က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ကိုပင်ဟေဂင်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များအတွက် ဆန္ဒအလျောက် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးကို ယခုနှစ်စက်တင်ဘာလခန့်မှစ၍ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ဒိန်းမတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Soren Brostrom က ဇွန် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။...
ဘန်ကောက်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေး အလုံးရေ ၇,၀၀၃,၇၈၃ အား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း၌ လူထုကာကွယ်ဆေးထိုးနှံမှု စတင်ပြီးနောက် လွန်ခဲ့သော ၁၀ ရက်အထိ...
ကွာလာလန်ပူ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံက တရုတ်နိုင်ငံ CanSino Biologics ကုမ္ပဏီမှ ထုတ်လုပ်သော တစ်ကြိမ်တည်းသာထိုးနှံရသော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၅ ရက်က ပြောကြားခဲ့သည်။ CanSino မှ ထုတ်လုပ်သော Convidecia Recombinant...
ဗီယင်ကျန်း ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) လာအိုနိုင်ငံသည် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံရေးအတွက် စီစဉ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကာကွယ်ဆေးများသည် ဘေးကင်း၍ အစွမ်းထက်မှုရှိသည်မှာ အလုံးစုံထင်ရှားကြောင်း လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ(LPRP) ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ၊ ဒုတိယဝန်ကြီးချုပ် နှင့် COVID-19 ရောဂါ ကာကွယ်ရေး...
ပေကျင်း၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေး သန်း(၉၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ ဇွန် ၁၅ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ကာကွယ်ဆေး သန်း(၈၀၀)ကျော် ထိုးနှံထားပြီး (၆)ရက်အကြာတွင် နောက်ထပ် ကာကွယ်ဆေးသန်း(၁၀၀)ကျော် ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ကိုယ်ခံစွမ်းအားမဟာတံတိုင်းတည်ဆောက်ရန် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို...
ဘန်ကောက် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို လူသားများဖြင့် လက်တွေ့စမ်းသပ်မှု စတင်လိုက်ပြီးဖြစ်ကြောင်း ချူလာလောင်ကွန်းတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ပါမောက္ခ Kiat Ruxrungtham က ပြောကြားခဲ့သည်။ အသက် ၁၈ နှစ်နှင့် ၇၅ နှစ်ကြားအရွယ်ရှိ စေတနာ့ဝန်ထမ်း ၇၂...
ဆစ်ဒနီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဗန်နာတူနိုင်ငံ၌ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။ ဗန်နာတူနိုင်ငံ Port Vila မြို့ရှိ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားအပြီးတွင်...
ဖဲလ်မောက် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) အချိန် ၃ ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် G7 ထိပ်သီးအစည်းအဝေးသည် ဇွန် ၁၃ ရက်၌ ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်း Cornwall ခရိုင်တွင် ကျင်းပပြီးစီးခဲ့သည်။ G7 အစည်းအဝေးအပြီးတွင် COVID-19 ရောဂါကာကွယ်ဆေး လှူဒါန်းပေးရေး ၊ စီးပွားရေး...
ရောမ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများ၌ AstraZeneca ကာကွယ်ဆေးအသုံးပြုခြင်းအား ဇွန် ၁၁ ရက်တွင် ဆိုင်းငံ့ခဲ့ကြောင်း COVID-19 နှင့်ပတ်သက်၍ ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ကြေညာခဲ့သည်။