Economy6 years ago
ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်သည် စိန်ခေါ်မှုအန္တရာယ်များနှင့် ရင်ဆိုင်နေရ
ပေကျင်း ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်က ဇွန်လ ၁ ရက်နေ့မှစ၍ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကစီကို နိုင်ငံများအား သံမဏိနှင့်အလူမီနီယံခွန်စည်းကြပ်မည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်လာသည်။ ဝါရှင်တန်၏ ဤလုပ်ရပ်မှာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပျက်စီးစေမည့်အန္တရာယ်များ ထပ်တိုးစေသောကြောင့် နိုင်ငံတကာက စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြသည်။