Social, Education & Health6 years ago
တရုတ်နိုင်ငံ ချုံချင့်မြို့တွင် အိမ်အရောက် ဟော့ပေါ့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုအပေါ် လူကြိုက်များနေ
ချုံချင့်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ဟော့ပေါ့ဆိုင်အချို့သည် ချုံချင့်မြို့ စီးပွားကူးသန်း ကော်မရှင်နှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ ဆိုင်လာရန်မလိုဘဲ အသင့်စားသုံးနိုင်ရန် အိမ်အရောက် ဟော့ပေါ့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။