ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံ၏ လက်နက်ရောင်းချခြင်းများအား တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း နှင့် အမေရိကန်နိုင်ငံအနေဖြင့် လက်နက်ရောင်းချသည့်အစီအစဉ်ကို ရုပ်သိမ်းရန် တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xyW ———————- (English Version) China firmly opposes us arms sales to...
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ အစိုးရသစ်နှင့်အတူ စီမံကိန်းတည်ဆောက်ခြင်းအား အဆင့်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံပူးပေါင်းဆောင်ရွက်ခြင်းအတွက် စံပြစီမံကိန်းများ ပိုမိုတည်ဆောက်ရေးအတွက် ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xyQ ———————- (English Version) China is ready to work with the new government...
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto တို့သည် နှစ်နိုင်ငံဆက်ဆံရေး နှင့် ယူကရိန်း အကျပ်အတည်းတို့နှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/xxG ———————– (English Version) Chinese State Councilor...
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဖနွမ်းပင်မြို့ နှင့် Preah Sihanouk ပြည်နယ်တို့အား ဆက်သွယ်ထားသော အမြန်လမ်းသည် ခရီးသွားလာမှုအား အရှိန်မြှင့်တင်ပေးပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးကြောင်း သိရသည်။(Xinhua) xhtxs.cn/xxt ———————— (English Version) Chinese-invested expressway connecting Phnom Penh and...
တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်(GDI)သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအား COVID-19 ကပ်ရောဂါမှ နာလန်ထူရေး နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပံ့ပိုးရာတွင် အရေးပါကြောင်း ကမ္ဘာဒီးယား ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xvU ——————— (English Version) China-proposed Global Development Initiative...
စီချွမ်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) နေရာင်ခြည်စွမ်းအင်လုံလောက်စွာရရှိသည့် စီချွမ်းပြည်နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသစ်တစ်ခု တည်ဆောက်ထားလျက်ရှိရာ ၎င်းမှာတရုတ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကို အသုံးပြုပြီး ကာဘွန်ထုတ်လွှတ်မှုများ လျှော့ချရန်နှင့် ကာဘွန် ကင်းစင်ရေးမျှော်မှန်းချက်များကိုပြည့်မီရန် အားထုတ်နေသော အရေးပါသည့် ကြိုးပမ်းအားထုတ်မှု ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ (Xinhua) https://fb.watch/egDpj5mWUy/ ………………….....
တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(BRI)က အာဆီယံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား ပံ့ပိုးပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xpb ………………………. (English Version) China’s Belt and Road Initiative (BRI) plays a vital role in supporting...
တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးအား ပြုလုပ်ခဲ့သည်။ နှစ်ဘက်လုံးက မဟာဗျူဟာမြောက်အရေးပါမှုဖြင့် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး ဦးတည်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/xoh ………………………………….. (English Version) China, Vietnam hold meeting on...
တရုတ်နိုင်ငံက ယခုနှစ်မကုန်မီ ကမ္ဘာ့ထိပ်တန်း ကုန်သေတ္တာဆိပ်ကမ်း ၂၀ ခုတွင် ၉ ခု ရှိလာရန် မျှော်မှန်းထားကြောင်း တရုတ်သိပ္ပံအကယ်ဒမီ(CAS)က ထုတ်ပြန်သည့် ခန့်မှန်းချက်အစီရင်ခံစာအရ သိရသည်။ (Xinhua) xhtxs.cn/xok …………………………………….. (English Version) China is expected to have nine of...
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်းကြောင့် နာမည်ကြီးသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရှုခင်းသာနေရာများသည် COVID-19 ရောဂါဖြစ်ပွားမှုများအား ထိရောက်စွာ ထိန်းချုပ်ခြင်း နှင့် အားကောင်းသော မူဝါဒလှုံ့ဆော်မှုများကြောင့် ခရီးသွားများဖြင့် ပျားပန်းခပ်မျှ ပြန်လည်စည်ကားနေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/xnf ———————— (English Versiion) Scenic sites...