ထျန်းကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ဇန်နဝါရီ ၂၀ ရက် နံနက် ၆ နာရီတွင် မြို့တစ်ခွင် စတုတ္ထအကျော့ nucleic acid စစ်ဆေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဌာနချုပ်က ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းသူများ၏ အလုပ်အကိုင်နေရာရရှိသည့်ဦးရေသည် ၃၁.၄၅ သန်းရှိရာ ၎င်းမှာ ပြီးခဲ့သည့် နှစ်ကထက် ၁.၂၆ သန်း တိုးလာခြင်းဖြစ်ပြီး လုပ်ခလစာဝင်ငွေသိသိသာသာမြင့်မားလာသူ ၆၇.၉ ရာခိုင်နှုန်းရှိခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ပြန်လည်မဆင်းသက်သွားရန် အားကောင်းသည့်အထောက်အပံ့ဖြစ်ခဲ့ကြောင်း ဗဟိုကျေးလက်ရေးရာလုပ်ငန်းဦးဆောင်အဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး၊...
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၄၇ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၃၂ ခုနှင့် အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ”ပူးပေါင်းဖော်ဆောင်ရေး စာရွက်စာတန်း ၂၀၀ ကျော် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ကျန်းရှန်တုန်းက ဇန်နဝါရီ...
ချုံချင့်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်-စင်ကာပူ (ချုံချင့်) သရုပ်ပြစီမံကိန်းအောက်တွင် ၂၀၂၁ ခုနှစ် နှစ်မကုန်မီအထိ မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှုအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စုစုပေါင်း ၁၆၂ ခု လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
မော်စကို၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရုရှား-တရုတ် ဆက်ဆံရေးသည် “မည်သူ့ကိုမှဆန့်ကျင်ရန် ရည်ရွယ်ထားခြင်းမရှိကြောင်း” ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင်ကပ်ရောဂါတဖန်ပြန်လည်ဖြစ်ပွားမှုများနှင့်ပြည်ပ နိုင်ငံရေးအခြေအနေရှုပ်ထွေးမှုများကဲ့သို့သောစိန်ခေါ်မှုများကြားမှပင် စီးပွားရေးကဏ္ဍ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရသိရသည်။ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်ပြီးတစ်နှစ် ၈.၁ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် ယွမ် ၁၁၄.၃၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၈...
လန်ဒန် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ကိန်းဂဏန်များ ဆက်လက်မြင့်တက်နေပြီး တစ်နိုင်ငံလုံးတွင် သေဆုံးမှုပေါင်းသည် ယခုအခါ ၁၅၀,၀၀၀ (တစ်သိန်းခွဲ) ကျော်လာပြီ ဖြစ်သည်။ ကပ်ရောဂါကူးစက်ခံခဲ့ရသည့် မိသားစုတစ်ခုက ၎င်းတို့တစ်အိမ်သားလုံးအပေါ် ကိုဗစ်၏ အကျိုးသက်ရောက်မှုများကို မကြာသေးမီက ဆင်ဟွာသို့ ယခုလို...
ကူမင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တောဆင်ရိုင်းမကြီးက မွေးကင်းစ ဆင်ပေါက်လေးကို ထိန်းကျောင်းရေကစားနေသည့် ဗွီဒီယို ယခုရက်ပိုင်းကာလ အွန်လိုင်းတွင် နာမည်ကြီးလာခဲ့သည်။ ယင်းဆင်ပေါက်လေးကို ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တောဆင်ချိုင့်ဝှမ်းတွင် မွေးဖွားခြင်းဖြစ်ကြောင်း သက်ဆိုင်သူများက မိတ်ဆက်ပြောကြားခဲ့သည်။ တောဆင်ချိုင့်ဝှမ်း ဆင်အုပ် ၄ အုပ်တွင် ယခုကာလအတွင်း အသစ်မွေးဖွားသည့် ဆင်ပေါက်ကလေး...
ကွေ့ကျိုး၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးအခါသမယနှင့် နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံတဝှမ်းတွင် (အနီရောင်စက္ကူပေါ် ဆုမွန်စာ၊ ဂုဏ်ပြုစာရေးထားပြီး တံခါးနှစ်ဖက်တွင် ကပ်ရသော )အနီရောင် နွေဦးပွဲတော်နှစ်ချိုးစပ်စာတန်းများကို စတင်ရေးသားကြ၊ ဝယ်ယူကြရာ ပွဲတော်အငွေ့အသက်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။(Xinhua) ………………………………………… (Chinese Version) 火红春联迎新春 新华社照片,从江(贵州),2022年1月15日 新春临近,人们开始书写、置办春联,节日气氛渐浓。...
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းက စုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၂၃၈.၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇.၄ ဘီလီယံခန့်) အား ခွင့်ပြုခဲ့ကြောင်း သိရသည်။