Connect with us

Media

တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်သို့ နိုင်ငံပေါင်း ၁၁၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အောက်တိုဘာလတွင် ကျင်းပမည့် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်သို့ နိုင်ငံပေါင်း ၁၁၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ အဆိုပါ ဖိုရမ်ကျင်းပရန် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းဖိုရမ်တွင် ဖွင့်ပွဲအခမ်းအနား၊ ကွန်ရက်ချိတ်ဆက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ် ၃ ခု၊ ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး၊ ပြည်သူအချင်းချင်းကူးလူးဖလှယ်မှုများ၊ ပညာရှင်ဖလှယ်မှုများနှင့် အခြားခေါင်းစဉ်များ ဆွေးနွေးမည့် ဖိုရမ် ၆ ခု ပါဝင်မည်ဟု မော်က ဆိုသည်။ ဖိုရမ်ကျင်းပရေး ပြင်ဆင်မှုများမှာ အဆင်ပြေချောမွေ့လျက်ရှိကြောင်း မော်က ပြောခဲ့သည်။ (Xinhua)

…………………………………
(English Version)
Representatives from over 110 countries to attend 3rd Belt and Road forum
BEIJING, Sept. 19 (Xinhua) — Representatives from more than 110 countries have confirmed that they will attend the third Belt and Road Forum for International Cooperation in October, a Foreign Ministry spokesperson said Tuesday.
Mao Ning made the remarks at a daily press briefing when asked about the preparations for the event.
Mao said the event includes the opening ceremony, three high-level forums on connectivity, green development and digital economy, and another six forums featuring smooth trade, people-to-people exchanges, think-tank exchanges and other topics.
Preparations for the forum are going smoothly, Mao said.