ပေကျင်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု(FAI)သည် ယခုနှစ် ပထမ(၈)လကြာကာလတွင် လွန်ခဲ့သည့်နှစ်ကာလတူများထက် (၈.၉)ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS)၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
နန်နင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့သော လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အကြာကတည်းက တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် နယ်ပယ်စုံတွင် အကျိုးအမြတ်ရှိသော ရလဒ်များဖြင့် ချိတ်ဆက်လက်တွဲလျက် ရှေ့ဆက်လာခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုအရှိဆုံး စံပြပုံစံဖြစ်လာခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ဆက်ဆံရေးတည်ဆောက်ခဲ့သည်မှာ ၁၉၉၁ ခုနှစ်ကတည်းကဖြစ်သည်။ တရုတ်နှင့် အာဆီယံနိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈.၃၆ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၆၈၅.၂၈ အထိထိုးဖောက်နိုင်ခဲ့ရာ အဆပေါင်း ၈၀...
ရှီအန်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် ကျင်းပြန့် စီရင်စုတွင် တရုတ်နိုင်ငံ ၏ ပထမဆုံး မောင်းသူမဲ့ဒရုန်း (UAV) များ စမ်းသပ်မောင်းနှင်ရေးကွင်း တစ်ခုအား စတင်မည်ဖြစ်ရာ ၎င်းမှာ မောင်းသူမဲ့ ဒရုန်း ကဏ္ဍ၏ကွက်လပ်တစ်ခုကိုဖြည့်ဆည်းရာရောက်ကြောင်းသိရသည်။ စမ်းသပ်ရေးကွင်းအား အမျိုးသားအဆင့် မောင်းသူမဲ့...
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ယခုနှစ်၏ ၁၄ လုံးမြောက် တိုက်ဖွန်းမုန်တိုင်းဖြစ်သော Chanthu ကြောင့် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် လူပေါင်း ၃၃၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ Chanthu တိုင်ဖွန်းမုန်တိုင်းသည် အားလျော့ကာ စက်တင်ဘာ...
ဖနွမ်းပင်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ၏အားကစားကွင်းသည် ယနေ့အထိ တရုတ်နိုင်ငံမှပြည်ပသို့ ကူညီပံ့ပိုးပေးသည် ပမာဏအကြီးဆုံးနှင့် အဆင့်မြင့်ဆုံး အားကစားကွင်းဖြစ်သည်။ ရွက်လှေသဏ္ဍာန် သရုပ်ဖော်ထားသည့် အဆိုပါအားကစားကွင်း၏ ဒီဇိုင်းရေးဆွဲမှုတွင် ရှေးဟောင်း အန်ကောဝပ် အဆောက်အအုံ၏လက်မှုပညာအနှစ်သာရများပါဝင်သလို တရုတ်နိုင်ငံက တီထွင်သည့် ပထမတန်းစားလက်ရာနည်းပညာများကို အသုံးပြုတည်ဆောက်ထားခြင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFPD)သည် နေအုပ်ဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်ကြီးများအသင်း အထည်ချုပ်လုပ်ငန်းဆိုင်ရာအသင်းခွဲ၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းတို့နှင့်အတူ စက်တင်ဘာ ၁၁ ရက်က ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြို့သစ်ဒေသ ကျေးရွာရှိ အခက်အခဲနှင့်ကြုံတွေ့နေရသည့်မိသားစုများအား စားသုံးကုန်၊ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လှူဒါန်းကူညီပေးခဲ့ကြောင်း သိရသည်။ အခက်အခဲရှိသည့် အိမ်ခြေ (၁၀၀)အတွက်...
ကျန်းကျိုး၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် နိုင်ငံတကာ မှ ပူးပေါင်းပါဝင်သည့် ငြိမ်းချမ်းရေးစစ်ရေးလေ့ကျင့်မှုတစ်ခုအားဆက်လက်ကျင်းပလျက်ရှိသည်။ စစ်ရေးလေ့ကျင့်မှုအား “ကံကြမ္မာအကျိုးတူဖော်ဆောင်ခြင်း-၂၀၂၁” ဟု အမည်ပေးထားသည်။ ယခုစစ်ရေးလေ့ကျင့်မှုကို တရုတ်တပ်မတော်မှ ပထမဆုံးအကြိမ် ဦးဆောင်လေ့ကျင့်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအပါအဝင် မွန်ဂို၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံမှ စစ်တပ်များပါဝင်ကြောင်း သိရသည်။ စစ်ရေးလေ့ကျင့်မှုတွင်...
အော်ရန်ဘတ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အဖွဲ့ဝင်နိုင်ငံများ ၏ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာစစ်ရေးလေ့ကျင့်မှု “Peace Mission 2021” “ ငြိမ်းချမ်းရေးစစ်ရေးလေ့ကျင့်မှု ၂၀၂၁” တွင် ပါဝင်လေ့ကျင့်မည့် တရုတ်နိုင်ငံမှ တပ်ဖွဲ့ဝင်များအားလုံးသည် ပြီးခဲ့သည့် သောကြာနေ့တွင် ရုရှားနိုင်ငံ...
ဖနွမ်းပင်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီးစဉ်လာရောက်သည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဟွန်ဆန်က ဝမ်ရိမှ တရုတ်နိုင်ငံခေါင်းဆောင်များအား နှုတ်ခွန်းဆက်စကား တစ်ဆင့် ပြောကြားခဲ့ရာ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေးသည် ကာလကြာတည်ရှိပြီး...