Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ချိန်တူးမြို့၌ ကျင်းပမည့် ၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ်ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် သံတမန်ရေးရာလှုပ်ရှားမှုများသို့ တက်ရောက်မည်

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၂၇ ရက် နှင့် ၂၈ ရက်တွင် ချိန်တူးမြို့၌ ကျင်းပမည့် ၃၁ ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ်ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်၍ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံခြားခေါင်းဆောင်များအား ကြိုဆိုဧည့်ခံပွဲနှင့် နှစ်နိုင်ငံအခမ်းအနားများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားသမ္မတ Joko Widodo ၊ မော်ရီတေးနီးယားသမ္မတ Mohamed Ould Cheikh Ghazouani ၊ ဘူရွန်ဒီ သမ္မတ Evariste Ndayishimiye၊ ဂိုင်ယာနာ သမ္မတ Irfaan Ali၊ ဂျော်ဂျီယာ ဝန်ကြီးချုပ် Irakli Garibashvili နှင့် ဖီဂျီ ဝန်ကြီးချုပ် Sitiveni Rabukawတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………….
(Chinese Version)
习近平将出席成都第31届世界大学生夏季运动会开幕式并举行系列外事活动
新华社北京7月24日电外交部发言人华春莹24日宣布:国家主席习近平将于7月27日至28日出席成都第31届世界大学生夏季运动会开幕式,为来华出席开幕式并访问的外国领导人举行欢迎宴会和相关双边活动。
来华出席开幕式并访问的外国领导人有:印度尼西亚共和国总统佐科、毛里塔尼亚伊斯兰共和国总统加兹瓦尼、布隆迪共和国总统恩达伊施米耶、圭亚那合作共和国总统阿里、格鲁吉亚总理加里巴什维利、斐济共和国总理兰布卡。(完)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.