(English Version) banjiaoshi Definition: a stone that people stumble upon, an obstacle Example: The United States has been placing banjiaoshi on ties with China
ကူမင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက 《တရုတ်-မြန်မာ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်》 အကောင်အထည်ဖော်ဆောင်ရွက်ရေးစနစ်လမ်းကြောင်းကို အတည်ပြုပေးခဲ့ရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွက် ကပ်ရောဂါကုသထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၅ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းတိုင်လူမျိုးဂျိမ်းဖော်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်တွင် ကျင်းပခဲ့သည်။...
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) COVID-19 မူလဇစ်မြစ်ဆိုင်ရာ အမေရိကန်ကွန်ဂရက်လွှတ်တော်အစီရင်ခံစာတွင် ဝူဟန့်ရောဂါပိုးမွှားဗေဒအင်စတီကျု (WIV) ၌ လေဝင်လေထွက်စနစ်အသစ်အတွက် အသုံးစရိတ်ကို ကိန်းဂဏန်းများအား အဆထောင်ပေါင်းများစွာ ပုံကြီးချဲ့ကား ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာသည် အနည်းဆုံး အသုံးစရိတ်ကိန်းဂဏန်း၅မျိုးကို ဝူဟန့်ရောဂါပိုးမွှားဗေဒအင်စတီကျု (WIV)တွင် ဖြစ်ပျက်နေမှုနှင့် “ပုံမှန်မဟုတ်သော” အရာများကို တင်ပြရန်...
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား၌ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဌ Mr. Deng...
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန သည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် အတူ ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံ၏ အဓိကကျေးရွာများစာရင်းတွင် အခြား ၁၉၉ ရွာအားထပ်မံထည့်သွင်းခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့် COVID-19 ရောဂါတုံ့ပြန်ရေး ကိစ္စရပ်နှစ်ခုစလုံးတွင် ရှုံးနိမ့်မှုများကြားမှ ဘိုင်ဒန်အစိုးရသည် တရုတ်နိုင်ငံအား အပြစ်ပုံချသောနည်းဖြင့် အကောက်ကြံသောနိုင်ငံရေးကို ကျင့်သုံးခဲ့သည်။ COVID-19 မူလဇစ်မြစ်ခြေရာခံခြင်းဆိုင်ရာ သိပ္ပံနည်းပညာကိုဆန့်ကျင်သော အမေရိကန် ထောက်လှမ်းရေးအစီရင်ခံ ထုတ်ပြန်ခြင်းမှာ အမေရိကန်နိုင်ငံ၏ အခက်အခဲများအတွက် ပြစ်တင်ခံရမှုကို ရှောင်လွှဲရန် နောက်ဆုံးကြိုးပမ်းအားထုတ်ခြင်းပင်ဖြစ်သည်။ (Xinhua) ———————————————- (English Version) Amid...
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် သီးခြားထုတ်လုပ်ထားသော AG600 ကုန်း၊ ရေ နှစ်သွယ်သွား လေယာဉ်ကြီးသည် လာမည့် တရုတ်လေကြောင်းပြပွဲတွင် ပထမဆုံး လေကြောင်းပြပွဲပျံသန်းမှု တင်ဆက်ပြသမည်ဖြစ်ကြောင်း လေယာဉ်ထုတ်လုပ်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။
မန္တလေး၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) မန္တလေးမြို့ အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့များအား ဩဂုတ် ၃၁ ရက်တွင် အောက်ဆီဂျင်စက် (Oxygen Concentrator)များ ပေးအပ်လှူဒါန်းခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
လိဂျ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်-ဥရောပကုန်တင်ရထားဝန်ဆောင်မှုသည် ကျိန့်ကျိုး၊ ဟနွိုင်းနှင့် လိဂျ် မြို့များအား ပထမဆုံးအကြိမ် ချိတ်ဆက်ခဲ့ပြီး အာရှနှင့် ဥရောပကြား ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။
အင်ချွန်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ၁၉၅၀ -၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သား ၁၀၉ ဦး၏ ကြွင်းကျန်ရစ်သော နောက်ထပ် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။