Connect with us

Media

တရုတ်နိုင်ငံ တာ့ချင့်ရေနံလုပ်ကွက်မှ ပထမနှစ်ဝက်တွင် ရေနံစိမ်း တန်ချိန် ၁၅ သန်းကျော် ထုတ်လုပ်

ဟာအယ်ပင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေနံမြေဖြစ်သည့် တာ့ချင့်ရေနံလုပ်ကွက်မှ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရေနံစိမ်းတန်ချိန် ၁၅.၀၉ သန်း ထွက်ရှိ ခဲ့ကြောင်း China National Petroleum Corporation ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ရေနံမြေ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရေနံလုပ်ကွက်မှ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂.၉၇ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကုဗမီတာ ၆၃ သန်း ပိုတိုးလာခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်စပိုင်းမှစ၍ တာ့ချင့်ရေနံလုပ်ကွက်မှ ရေနံထုတ်လုပ်မှုတည်ငြိမ်ရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်မှုတိုးမြှင့်ခြင်းဆိုင်ရာ ရည်မှန်းချက်များကို အာရုံစိုက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာ့ချင့်ရေနံလုပ်ကွက်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံထုတ်လုပ်ရေးစခန်းများထဲမှ တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ်တွင် တည်ရှိပြီး ယင်းရေနံလုပ်ကွက်မှာ တရုတ်နိုင်ငံ၏ ခေတ်မီရေနံလုပ်ငန်းအတွက် သိသာထင်ရှားသည့် အထောက်အကူပြုမှုတစ်ခုဖြစ်သည်။

ယခုအချိန်အထိ တာ့ချင့်ရေနံလုပ်ကွက် သည် ရေနံစိမ်းတန်ချိန် ၂.၅ ဘီလီယံကျော် ထုတ်လုပ်ထားပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းကုန်းတွင်း ရေနံစိမ်းထုတ်လုပ်မှု စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China’s Daqing Oilfield produces over 15 mln tonnes of crude oil in H1
HARBIN, July 9 (Xinhua) — Daqing Oilfield, China’s largest onshore oilfield, produced 15.09 million tonnes of crude oil in the first half of 2023, said the oilfield, a subsidiary of the China National Petroleum Corporation.
During the same period, the oilfield yielded around 2.97 billion cubic meters of natural gas, an increase of 63 million cubic meters compared with the same period last year.
Since the beginning of 2023, Daqing Oilfield has focused on the target tasks of stabilizing oil production and increasing gas production.
Daqing Oilfield is one of China’s largest oil production bases. Located in the northeastern province of Heilongjiang, the oilfield has made a significant contribution to China’s modern petroleum industry.
Up to now, Daqing Oilfield has produced over 2.5 billion tonnes of crude oil, accounting for 36 percent of China’s total domestic onshore crude oil production.■