ရှန်ဟိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုနိုင်ရန် မြင်တွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇွန် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကူမင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကောင်ရေ ၁၅ ကောင်ရှိသော အာရှတောဆင်ရိုင်းအုပ်စုသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ပြင်ပတွင် လှည့်လည်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဇွန် ၆ ရက်၌ ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) နီပေါနိုင်ငံဆေးဝါး စည်းမျဉ်းစည်းကမ်းအဖွဲ့က တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac Biotech မှ တီထွင်ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်သုံးစွဲရန် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ နီပေါနိုင်ငံတွင် လက်တလော ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရကြောင်း သိရသည်။
ကူမင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ကျင်ကျိုက် ဥမင်လိုဏ်ခေါင်းကို ဇွန် ၅ ရက် နံနက်ပိုင်းက လုံခြုံဘေးကင်းစွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ဥမင်အလွှာပြုလုပ်ခြင်း၊ အတွင်းသားနံရံနှင့် ရထားလမ်းကြောင်း ဆောက်လုပ်ခြင်းစသည့် ကျန်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း China Railway Kunming Group၏ သတင်းများအရ...
ထန်ဆန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ရှိ ရှီးဖုန်းခိုအနောက်ဘက် ဖန်းကျားခိုအပိုင်း မဟာတံတိုင်းကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။ ၁၉၇၀ ပြည့်နှစ် များတွင် ဖန်းကျားခိုရေလှောင်ကန်ကို ပြုပြင်တည်ဆောက်ခဲ့ရာ ဖန်းကျားခိုအပိုင်း မဟာတံတိုင်းအစိတ်အပိုင်းတစ်ခု ရေနစ်မြုပ်ခဲ့ပြီးနောက် ရေအောက်မဟာတိုင်း ရှုမြင်ကွင်း ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ...
ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ (UN) ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကွန်ဖရင့် အား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သူများက ဇွန် ၄ ရက်၌ ပြောကြားခဲ့သည်။...
ဟန်ကျိုး၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း၏ e-commerce ဗဟိုအချက်အချာဖြစ်သည့် ကျဲ့ကျန်းပြည်နယ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ 5G အခြေစိုက်စခန်းပေါင်း (၆၂,၆၀၀) တည်ဆောက်ပြီးဖြစ်ကြောင်း ဒေသခံဆက်သွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါ ပုဂ္ဂလိက စီးပွားရေးအချက်အချာ နေရာတွင် ရှေ့ပြေးစီမံကိန်း အမြောက်အမြား ပျိုးထောင်ထားပြီးဖြစ်ရာ...
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း(၇၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဇွန် ၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မေလမှစ၍ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေသည် ဆိုးဝါးဆဲဖြစ်ရာ...
ဟူပေ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ ဟူပေပြည်နယ်အနောက်ဘက်လမ်းအပိုင်း ဖြစ်သည့် ရီအန်းလမ်းအပိုင်းကို ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် ဖောက်လုပ်တည်ဆောက်ခဲ့ရာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားလာနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင်...
ပေကျင်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖိုရိမ်ကို ဇွန်လ ၂ ရက်၌ မြေပြင် နှင့် အွန်လိုင်း ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ဖိုရမ်တက်ရောက်ခဲ့ကြသောသူများက တရုတ် နှင့် အာဆီယံနိုင်များမှ မီဒီယာများသည်...