Connect with us

Videos

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကျော် လက်မှတ်ရေးထိုး

တာ့လျန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်ဆိပ်ကမ်းမြို့တွင် ကျင်းပသည့် စီးပွားရေးမြှင့်တင်မှုကွန်ဖရင့်အတွင်း ကာလတန်ဖိုး ယွမ် ၂၇ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံခန့်) ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွန်ဖရင့်သည် ဇွန် ၁၅ ရက်၌ စတင်ကာ ဇွန် ၁၆ ရက်၌ ပြီးဆုံးခဲ့သည်။နောက်ဆုံးပေါ်ကုန်ထုတ်လုပ်မှုနှင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် တောင်ကိုရီးယား၊ စင်ကာပူ၊ ယူကေ၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံ စသည့်နိုင်ငံများ ပါဝင်သည်။

“တာ့လျန်မြို့က စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအုတ်မြစ်ကောင်းကို မြှင့်တင်ပေးပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဒီမြို့မှာ ၂၀၀၈ ခုနှစ်ကစပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာပါ။ အနာဂတ်မှာလည်း ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့မယ်။ ဒေသခံကုန်ထုတ်လုပ်သူတွေကို သူတို့ရဲ့ စွမ်းအင်အသုံးပြုမှု ကောင်းမွန်ရေးမှာ အထောက်အကူဖြစ်စေဖို့၊ သမားရိုးကျ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အဆင့်မြှင့်တင်တာ ပြန်လည်ပြုပြင်တာတေွလုပ်ဖို့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေလည်း ပံ့ပိုးပေးသွားမှာပါ” ဟု ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်သော Aden France ၏ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသကုမ္ပဏီခွဲမှ Liu Yang က ပြောခဲ့သည်။

တာ့လျန်မြို့တွင် ယမန်နှစ်ကုန်ပိုင်းထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁၇,၀၀၀ ကျော်ဝင်ရောက်ခဲ့ကာ စုစုပေါင်း စီမံကိန်း ၂၈၇ ခု ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်းအနက် Fortune 500 စီးပွားရေးလုပ်ငန်းစာရင်းဝင် ကုမ္ပဏီ ၁၂၄ ခု ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
Over 3.7 bln USD of foreign investment inked in NE China’s port city
DALIAN, June 16 (Xinhua) — Northeast China’s Dalian, a port city in Liaoning Province, inked 24 foreign investment projects worth around 27 billion yuan (about 3.79 billion U.S. dollars) during the city’s business promotion conference, which started on Thursday and concluded on Friday.
Covering high-end manufacturing and modern service industries, the foreign-funded projects involve 10 countries and regions including Japan, the Republic of Korea, Singapore, the United Kingdom, Germany and Belgium.
“Dalian boasts a good industrial foundation. Our group started business in the city as early as 2008. In the future, we plan to expand our investment, providing digitalization services for local manufacturers to help optimize their energy usage and drive upgrades and renovation in traditional manufacturing enterprises,” said Liu Yang with the northern China region branch of Aden France, a French manufacturing company.
By the end of last year, Dalian had introduced more than 17,000 foreign-invested companies and a total of 287 projects had been invested in the city by 124 Fortune 500 enterprises.