ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနှင့် သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) စီမံကိန်းအတွက် ဂြိုဟ်တုနှစ်စင်းသည် ဂြိုဟ်ပတ်လမ်းကြောင်းတွင် စမ်းသပ်မှုအဆင့် ၁ ကို အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ယခုနှစ်အတွင်း ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံ ဒီဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ် အွန်လိုင်းဖွင့်ပွဲအခမ်းအနားအရ သိရသည်။
ထျန်းကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဉာဏ်ရည်တု (AI) ဆိုင်ရာ အဓိကပွဲတစ်ခုဖြစ်သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက် (World Intelligence Congress = WIC) ကို တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ဇွန် ၂၃ ရက်မှ ၂၄ ရက်အထိ...
ပေကျင်း ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် က တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ နှင့် အတူတကွ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမှတ် ၂၂၃၁ ဆုံးဖြတ်ချက် ကို ထိန်းသိမ်းသွားမည်...
ကန်ပါလာ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက် ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ယင်းလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အခြေခံအဆောက်အအုံအသစ် တည်ဆောက်မှု မြှင့်တင်ရေး အားထုတ်မှုအဖြစ် ယခုနှစ်အတွင်း အင်တာနက် 5G ကွန်ရက်အခြေစိုက်စခန်း ၁၃,၀၀၀ ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ် အာဏာပိုင်များက ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ထိုက်ယွမ် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်(Shanxi) ရှိ ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ သမုဒ္ဒရာစောင့်ကြည့်လေ့လာရေး ဂြိုလ်တုတစ်စင်းကို ယနေ့ ဇွန် ၁၁ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဇွန် ၉ ရက်တွင်ပြုလုပ်သည့် အဆင့်မြင့်မဟာဗျူဟာမြောက်ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) နီးကပ်စွာဆက်ဆံရေး တိုးတက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့သည် ယနေ့ ဇွန် ၈ ရက်တွင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။