ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ က COVID-19 ရောဂါသည် ထိန်းချုပ်၍ ရနိုင်ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံတွင် WHO နှင့် တရုတ် နိုင်ငံမှ ကျွမ်းကျင်သူများ ပူးတွဲပြုလုပ်သော စူးစမ်းလေ့လာမှု တွေ့ရှိချက်များအပေါ် အခြေခံ၍ ရှင်းလင်းသော သတင်းစကား...
ပေကျင်း၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့တွင် စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)မှ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့၏ အဖွဲ့ဝင်အချို့သည် COVID-19 ကူးစက်ရောဂါအား စုံစမ်းစစ်ဆေးရန် ဖေဖော်ဝါရီ ၂၂ ရက်က ဝူဟန့်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။
နန်ကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာများအတွက် တရုတ်တိုင်းရင်းဆေးဝါးများ (TCM) အလိုအလျောက် ထုတ်ပေးနိုင်သည့် ရောင်းသူမလိုသောဆေးဆိုင်တစ်ခုကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းဆေးဆိုင်ကို တီထွင်သည့် ကုမ္ပဏီ ပြောကြားချက်အရ သိရသည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုအတွင်း ခက်ခဲသောကာလများကို ကျော်လွှားရန် အတူတကွ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် နိုဗယ် ကိုရိုဗိုင်းရပ်စ် ရောဂါ(COVID-19) ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၌ အရေးပါသော သဘောတူညီမှု ရရှိခဲ့ကြပြီး ယုံကြည်မှုတည်ဆောက်ကာ လက်ရှိ အခက်အခဲများကို အတူတကွ လက်တွဲကျော်လွှားရန် ကတိပြုခဲ့ကြောင်း...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပမည့် တရုတ် နှင့် အာဆီယံ အကြား ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာစဉ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက...
ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) တိုက်ဖျက်ရေးသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ အားပေးထောက်ခံမှုနှင့်အတူ အောင်မြင်မှုရရှိမည်ဟု အပြည့်အဝယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များသည် အရေးပါသော အချိန်ကို ရောက်ရှိနေသည့် တိုက်ပွဲတစ်ခုအဖြစ် သိသိသာသာတိုးတက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် (Boris Johnson) နှင့် တယ်လီဖုန်းဖြင့်...
ဝူဟန့် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် ဦးဆောင်ဦးရွက် ညွှန်ကြားမှုပြုလုပ်နေသည့် တရုတ်နိုင်ငံဗဟိုအစိုးရ လမ်းညွှန်အဖွဲ့က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာ ဝူဟန့်မြို့ရှိ ဝူဟန့်ဆေးရုံအကြီးအကဲ ဒေါက်တာ Liu Zhiming ကွယ်လွန်ခြင်းအတွက် ဖေဖော်ဝါရီ ၁၈ ရက်တွင် အလွန်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။