ကျဲ့ကျန်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီ ၇ ရက်သည် တရုတ်နိုင်ငံနွေဦးပွဲတော်အားလပ်ရက်ပြီးနောက် ပထမဆုံး လုပ်ငန်းခွင်သို့ ဝင်ရောက်ရသည့်နေ့ဖြစ်ရာ တရုတ်နိုင်ငံ နေရာဒေသအသီးသီးရှိ ကုမ္ပဏီလုပ်ငန်းများသည် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စီမံချက်များကို တင်းကျပ်စွာဆောင်ရွက်ရင်း လုပ်ငန်းများကို စနစ်တကျ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။(Xinhua) ………………………………………… (Chinese Version) (经济)节后企业开工忙...
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲအတွက် ပြည်သူများ၏ စိတ်အားထက်သန်မှုကြောင့် အိုလံပစ် ပန်ဒါလာဘ်ကောင်အရုပ် ပင်းသွန်းသွန်း (Bing Dwen Dwen) မှာ တရုတ်နိုင်ငံတစ်ဝန်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်းခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ကုန်ဆုံးခဲ့သည့် ခုနစ်ရက်တာကြာမြင့်ခဲ့သော...
ကူမင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကူမင်းအကောက်ခွန်ရုံးမှ စစ်ဆေးပြီး မောင်းနှင်သွားလာသည့် တရုတ်-လာအို နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားအစီးရေ ၄၂ စီးရှိပြီး စုစုပေါင်းကုန်စည်တင်ပို့ဆောင်မှုပမာဏသည် တန်ချိန် ၂၀,၃၀၀ ခန့်နှင့် စုစုပေါင်းတန်ဖိုး ယွမ်...
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားဌာန ၏ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ တရုတ်ကျားနှစ် နွေဦးပွဲတော်အားလပ်ရက်အတွင်း ရှန်ဟိုင်းသည် ခရီးသွား ၁၀.၉၈၃၆ သန်းကို ကြိုဆို လက်ခံရရှိခဲ့ပြီး ခရီးသွားဝင်ငွေ ယွမ် ၁၇.၇၂၁ ဘီလီယံ ရရှိခဲ့ကြောင်း...
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၆ ရက်က ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)ထံသို့ ၎င်း နန်းတက်သည့်နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာပေးပိုခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂၀၀၀ အသင်းလိုက်လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရထားစက်ခေါင်းထုတ်လုပ်ရေး (CRRC) Qishuyan Co. Ltd ကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်သည့် ရထားစက်ခေါင်းများ ပထမအသုတ်ကို ထိုင်းနိုင်ငံ၏ ရထားသယ်ယူ ပို့ဆောင်ရေးအဆင့်မြှင့်တင်ရန်အတွက် ထိုင်းရထားပို့ဆောင်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပါရီ ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ နှင့် ပါရီ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တင်ဆက်ကပြသည့် အထူးယဉ်ကျေးမှုဖျော်ဖြေပွဲအစီအစဉ်တစ်ခု၏ မြင်ကွင်းပုံရိပ်များကို တရုတ်လပြက္ခဒိန် (ကျားနှစ်) ၏ ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၁ ရက်တွင် ပြင်သစ်နိုင်ငံ၏ TV5 Monde...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် ပေကျင်းဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားပုံရိပ်များကို အချိန် ၂၂ စက္ကန့်စာ စုစည်းတင်ဆက်ထားသည့် ရုပ်သံဖိုင် ဖြစ်ပါသည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းတွင် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးများဆောင်ရွက်ပြီးနောက် ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်၌ ကြီးမားသော တိုးတက်မှုရှိခဲ့ကြောင်း မြစ်ဝါမြစ် ထိန်းသိမ်းရေးကော်မရှင်က ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ပြုလုပ်သော ပထမဆုံး မြေဆီလွှာတိုက်စားမှုစစ်တမ်းရလဒ်များနှင့် နှိုင်းယှဉ်ပါက မြစ်ဝါမြစ်ဝှမ်းရှိ...