Connect with us

Media

တရုတ်နိုင်ငံ တိဗက်ဒေသ၏ သယ်ယူပို့ဆောင်ရေးကွန်ရက် တည်ငြိမ်စွာ တိုးတက်လျက်ရှိ

လားဆ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၂ ခုနှစ်က အဝေးပြေးလမ်းသယ်ယူပို့ဆောင်ရေးကဏ္ဍ၏ မရွှေ့မပြောင်းနိုင်သောပစ္စည်း၌ ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၁၆.၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၃၄ ဘီလီယံ ခန့်)ရှိကြောင်း ယင်းဒေသက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ဗဟိုအစိုးရက ၂၀၂၂ ခုနှစ် ယင်းဒေသ သယ်ယူပို့ဆောင်ရေးကွန်ရက်တည်ဆောက်မှုအတွက် သတ်မှတ်ထားသော ယွမ် ၃၆.၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅.၃၁ ဘီလီယံ ခန့်)၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ယင်းပမဏသည် စံချိန်သစ်တင် မြင့်မားခြင်း ဖြစ်ကြောင်း ဒေသ သယ်ယူပို့ဆောင်ရေးဌာန၏ ပြောကြားချက်များအရ သိရသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံမှုများကြောင့် ယခုအခါ ယင်းဒေသရှိ မြို့နယ် ၉၅ ရာခိုင်နှုန်းနှင့် ကျေးရွာ ၇၈ ရာခိုင်နှုန်းကျော်ကို လမ်းများဖြင့် ဆက်သွယ်ထားနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း နောက်ထပ် အရှည်၇၂၀ ကီလိုမီတာရှိသော အဝေးပြေးလမ်းကို အသုံးပြုနိုင်ခဲ့ပြီဖြစ်ရာ ဒေသတစ်ခုလုံး၏ အဝေးပြေးလမ်းအရှည် စုစုပေါင်း ၁၂၁,၄၀၀ ကီလိုမီတာ အထိ ရှိပြီဖြစ်သည်။ (Xinhua)

…………………………………..
(English Version)
Tibet sees steady progress in transportation network
Southwest China’s Tibet Autonomous Region said on Monday that it completed the investment of about 16.3 billion yuan (about 2.34 billion U.S. dollars) on the fixed asset of highway transportation in 2022.
According to the regional transport department, the investment is among the nearly 36.7 billion yuan (about 5.31 billion U.S. dollars) allocated by the central government for the construction of transportation networks in the region in 2022.
The allocation registered a new high, said the department.
Thanks to the investment, 95 percent of its townships and over 78 percent of its villages are now connected by roads.
Another 720 km of highways was put into service last year, extending the total length of highways in the region to 121,400 km.
Xinhua News Agency correspondents reporting from Lhasa, China.(XHTV)