ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်မှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် မြန်မာကလေးငယ် ၁၅ ဦးအား ဒုတိယအသုတ်အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူဝိုက်ဆေးရုံကြီးတွင် အခမဲ့စရိတ်ငြိမ်း ကုသပေးမည် ဖြစ်ကြောင်းသိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် (WIC) ကို နိုဝင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ တရုတ်(ဟူနန်)-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့်ဟူနန်ပိုးလမ်းမကြီးဆက်သွယ်ရေး စင်တာ(မြန်မာ)ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ဆူးလေ Shangrila Hotelတွင် ကျင်းပခဲ့သည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (China-Pakistan Economic Corridor= CPEC) တည်ဆောက်မှုပူးတွဲမြှင့်တင်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန် စက်တင်ဘာလ ၉ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သဝဏ်လွှာတစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် ထံသို့ စက်တင်ဘာ ၉...
ဖနွမ်းပင် ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီသည် ၎င်း၏ မယ်တော်ဖြစ်သူ မိဖုရားဟောင်း နိုရိုဒွန်မိုနီနိတ်(Norodom Monineath) လိုက်ပါလျက် ပုံမှန်ဆေးစစ်မှုခံယူရန် ယနေ့စက်တင်ဘာ ၁ဝ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ထွက်ခွာသွားကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအစိုးရက ရေလွှမ်းမိုးခြင်းနှင့် ရွှံ့နွံများဖုံးလွှမ်းခံရသော ဒေသများရှိ သဘာဝဘေးလျော့ပါးရေး လုပ်ဆောင်မှုများတွင် ကူညီရန် ယွမ် ၁၅၅ သန်းသုံးစွဲရန် ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့မပေးဆပ်ရသေးသည့်ချေးငွေများကျန်ရှိနေသည့် အာဖရိကနိုင်ငံများအား ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြွေးမြီများ လျှော်ပေးသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးပွင့်လင်းလာစေရန် နှင့် ဘက်စုံကုန်သွယ်ရေးစနစ် အပြည့်အဝေ အကာအကွယ်ပေးရန် ဆန္ဒရှိပြီး တစ်ချိန်တည်းမှာပင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒကို ဆန့်ကျင်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အကျိုးရလဒ်များ အတူတကွ မျှဝေခံစားရန် ခေတ်သစ်ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်ရာတွင် အာဖရိကနိုင်ငံများအား တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံနှင့် အာဖရိက ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များအကြား စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်သော အဆင့်မြင့် ဆွေးနွေးပွဲတွင် သမ္မတ...