Connect with us

Media

တရုတ်နိုင်ငံထုတ် စက်ရုပ်များက ပိုမိုအဆင့်မြင့်လာပြီး လူမှုဘဝနှင့် ပိုမိုနီးစပ်လာ

စိန်ရန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် မြို့တော် စိန်ရန်ရှိ Siasun Robot and Automation ကုမ္ပဏီတွင် အလုပ်ရှုပ်နေသော်လည်း နေရာတိုင်း၌ အလုပ်လုပ်ကိုင်နေသူများမရှိသလောက် မြင်ကွင်းကိုသာ တွေ့ရှိရသည်။
စက်လက်မောင်းများ ပုံသေတပ်ဆင်ထားသော စက်ရုပ်များမှသည် အဆင့်မြင့် အစိတ်အပိုင်းများဖြင့် ရွေ့လျားနိုင်သော စက်ရုပ်များအထိ မြင်တွေ့ရသည်။
Siasun ကုမ္ပဏီသည် လူ၏ လက်များနှင့် ဦးနှောက်များကိုပင် အသုံးပြုရန်ပင် မလိုအပ်သည့် တီထွင်ဆန်းသစ်မှုရှိသော ထုတ်ကုန်အသစ်များကို ထုတ်လုပ်နိုင်ရန် အဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

Siasun ကုမ္ပဏီ၊ ရွေ့လျားစက်ရုပ်ဌာနမှ နည်းပညာ ညွှန်ကြားရေးမှူး Gao Feng က “ရွေ့လျားစက်ရုပ်နယ်ပယ်မှာ ကျွန်တော်တို့ရဲ့ လက်ရှိထုတ်ကုန်တွေကို အမျိုးအစားပေါင်း ၁၀၀ ကျော်ဖြင့် အတန်းအစား ၉ မျိုးရှိတာ တွေ့ရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရွေ့လျားစက်ရုပ်တွေမှာ ပစ္စည်းကိရိယာတွေ တက်ဖို့ ကွန်ပို့စစ်ကတ်အချို့ ထည့်ထားတဲ့ လက်မောင်းတံတွေ မြင်တွေ့နိုင်တဲ့ အာရုံခံစနစ်တွေကိုတောင်မှ ထည့်ထားပါတယ်။ အနီးဝန်းကျင်ကို အကဲဖြတ်သုံးသပ်လိုက်တာနဲ့ စက်ရုပ်ဟာ သူကိုယ်တိုင်နေရာချနိုင်သလို လမ်းကြောင်းကိုလည်း အလိုအလျောက်ဖန်တီးနိုင်ပါတယ်။ သူ့လမ်းကြောင်းပေါ်မှာရှိတဲ့ အတားအဆီးတွေနဲ့ လူတွေကိုတောင်မှပဲ ကျော်လွှားနိုင်သလို အလိုအလျောက်လည်း လည်ပတ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လူသားတွေရဲ့နေရာမှာ အပြည့်အဝအစားထိုးနိုင်စွမ်းရှိတဲ့ ရွေ့လျားစက်ရုပ်ရဲ့ ဉာဏ်ရည်ပြောင်းလဲမှုလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Economic Impulses: Chinese robots go smarter and closer to life
A robot company in Shenyang, northeast China’s Liaoning Province, has constantly launched new products and developed robots’ “brain.”
-In the factory of Siasun Robot and Autommation Co., ltd in Shenyang, capital of northeast China’s Liaoning Province, a busy but almost manless scence is everywhere to be seen.
From fixed robots with mechanical arms to mobile ones with smart components.
Siasun company has continued to launch new innovative products to free our hands and even our brains.

Gao Feng
Technical Director of Mobile Robot Division of Siasun Company

In the field of mobile robots, you can see that our current products fall into nine categories with more than 100 items. Meanwhile, we’ve added more arms some composite card loading equipment, and even vision sensors to mobile robots. By assessing the surrounding environment, it can locate itself and automatically create a route. It can even evade obstacles and people in its way and operate automatically. So this is also an intelligent trend of mobile robots that enables them to completely replace humans in such manual operations.