အင်ချွန်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ၁၉၅၀ -၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သား ၁၀၉ ဦး၏ ကြွင်းကျန်ရစ်သော နောက်ထပ် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဘန်ဒါဆရီဘဂါဝန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရူနိုင်ငံးနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးတွဲဖက်စပ် ရေနံဓာတုပစ္စည်းစက်ရုံ Hengyi Industries Sdn Bhd က ဘရူနိုင်းနိုင်ငံ၏ ဓာတ်ခွဲခန်းလုပ်ငန်းများဦးစီးဌာနသို့ ဓာတ်ခွဲခန်းသုံးအထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ဩဂုတ် ၃၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ လူမှုဘဝတည်ငြိမ်ရေး ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်မှု နှင့် စောနိုင်သမျှဆောလျင်စွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲကာ အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် (rover) ကျူးလုံ (Zhurong) သည် မေ ၂၂ ရက်က အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိပြီးချိန်မှစ၍ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင် စူးစမ်းရှာဖွေရေး ရက်ပေါင်း ၁၀၀ ကုန်ဆုံးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန...
ချုံချင့်၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) စက်ပစ္စည်းကိရိယာ ကွန်တိန်နာ အလုံး ၅၀ အပြည့်တင်ဆောင်ထားသည့် တရုတ်-ဥရောပ ရထားကြီးသည် တရုတ်နိုင်ငံ ချုံချင့်မြို့ ထွန်ကျယ်ကျေးရွာဘူတာမှစတင် ဩဂုတ် ၂၉ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ ယင်းရထားကြီးသည် အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အော့လျန်ဟောက် နယ်စပ်ဂိတ်ကို ဖြတ်ကျော်၍ ယူကရိန်းနိုင်ငံ မြို့တော်...
ပေကျင်း၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) ရက်ပေါင်း(၉၀)ကျော် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက ဩဂုတ် ၂၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်အစီရင်ခံစာ အကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်ကို ယုံကြည်နိုင်ဖွယ် သက်သေအထောက်အထားအသစ် မပြနိုင်ဘဲ တရုတ်နိုင်ငံကို အပုတ်ချ၊ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုကို အတားအဆီးဖြစ်အောင် လုပ်ဆောင်မှုဖြစ်ကာ အချက်အလက်မျှဝေပေးရန် ငြင်းပယ်ထားသည်။...
ဟန်ကျိုး ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) လမ်းသွားလမ်းလာများသည် ပိတ်စပိုင်းတစ်ခုကိုအသုံးပြုပြီးပြဇာတ်ဆန်ဆန် ၄လွှာမှပြုတ်ကျလာသည့်အမျိုးသမီး တစ်ဦးကို စက္ကန့်ပိုင်းအတွင်းကယ်ဆယ်နိုင်ခဲ့သည့်ဖြစ်ရပ် တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးတွင်ဖြစ်ပွားခဲ့သည်။ (Xinhua)
ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ကဘူးလ်မြို့၌ ဖြစ်ပွားသော ပေါက်ကွဲမှု ၂ ခုအတွင်း အမေရိကန်စစ်သား ၁၃ ဦးနှင့် ဒါဇင်နှင့်ချီသည့် အာဖဂန်လူမျိုးများ သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို အစွန်းရောက်အဖွဲ့တစ်ခုဖြစ်သည့် အိုင်အက်စ်(IS) တို့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)————————————– (English Version) Explosions...
ယူနန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ယူနန်ပြည်နယ်ရှိ ဟားနီ လှေကားထစ် တောင်ယာစပါး စိုက်ခင်းများသည် တရုတ်ရိုးရာ ကျေးလက်စိုက်ပျိုးရေး၏ရင်သပ်ရှုမောဖွယ်ရာ အမှတ်အသား တစ်ခုဖြစ်သည်။ကျယ်ပြန့်သည့် တောင်စောင်းများကို ဖဲ့ထွင်ပြီး ရေသွင်းစိုက်ပျိုးထားသည့် စပါးခင်းများဖြစ်သည်။ထိုနေရာတွင် စပါးပင်များ၊ငါးများ နှင့်ဘဲများ ပါ အတူမွေးမြူထားတတ်ကြသည်။ (Xinhua)
ယူနန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းများကို ကွမ်ကျိုး အခြေစိုက် ကုမ္ပဏီ မှတီထွင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် တွင် ကောက်ပဲသီးနှံများကိုစစ်ဆေးရန် ၊ ရာသီဥတုအခြေအနေများကို စစ်ဆေးရန် ၊ တောင်သူများ မည်သည့်အချိန် ပျိုးကြဲသင့်သည် ဆိုများကို ဆုံးဖြတ်နိုင်ရန် ၊ မည်သည့်နေရာများကို...