Connect with us

Media

တရုတ်နိုင်ငံ၏ AG600M မီးသတ်လေယာဉ် ရေသိုလှောင်စုဆောင်းခြင်းနှင့် ရေပက်ဖျန်းခြင်း စမ်းသပ်မှု အောင်မြင်စွာ ပြီးမြောက်ခဲ့

ကျင်းမန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကုန်း၊ရေနှစ်သွယ်သွား အကြီးစား လေယာဉ် ရေသိုလှောင်စုဆောင်းမှုနှင့် ရေပက်ဖျန်းမှု စမ်းသပ်ခြင်းကို စက်တင်ဘာ ၂၇ ရက်က တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့ ကျန်းဟယ်လေဆိပ်တွင် ပြုလုပ်ခဲ့သည်။

AG600M လေယာဉ်သည် ကုန်း၊ရေနှစ်သွယ်သွား အကြီးစားလေယာဉ် AG600 အုပ်စုဝင် ဖြစ်ရာ မီးငြှိမ်းသတ်ရေး တာဝန်များကို ၂၀၂၃ ခုနှစ်တွင် စတင် ထမ်းဆောင်မည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်၌ ဈေးကွက်ဝင်မည်ဟု ခန့်မှန်းရကြောင်း တရုတ်လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (AVIC)၏ ပြောကြားချက်များအရ သိရသည်။

ခွန်းလုံဟု အမည်ရသည့် AG600 ကုန်း၊ရေ နှစ်သွယ်သွား အကြီးစား လေယာဉ်အုပ်စုသည် တရုတ်နိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးစနစ်အတွက် အဓိက လေကြောင်းသုံးပစ္စည်းတစ်ခု ဖြစ်သည်။ မီးငြှိမ်းသတ်ရေး၊ အဏ္ဏဝါကယ်ဆယ်ရေးမစ်ရှင်အပြင် အခြားအရေးကြီးသည့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (AVIC)က တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ (Xinhua)
…………………………………………

(English Version)

China’s AG600M firefighting aircraft completes water gathering, dropping tests

China’s AG600M large amphibious aircraft completed water gathering and dropping tests Tuesday at Zhanghe Airport in the city of Jingmen, central China’s Hubei Province.

According to the Aviation Industry Corporation of China (AVIC), the AG600M aircraft, a full-configuration firefighting model belonging to the AG600 large amphibious aircraft family, is expected to serve firefighting missions from 2023 and enter the market in 2025.

Codenamed Kunlong, the AG600 large amphibious aircraft family is seen as key aeronautical equipment for China’s emergency-rescue system. It was developed by AVIC to meet the needs of firefighting and marine-rescue missions, as well as other critical emergency-rescue operations.