ဟွားလျန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ချင်းမင်ပွဲတော်ကာလ ရုံးပိတ်ရက် (၄) ရက်စတင်ခဲ့သည့် ဧပြီ ၂ ရက်က နှစ်ပေါင်း (၄၀)ကျော်ကာလအတွင်း သေဆုံးဒဏ်ရာရမှု အဆိုးဆုံးဖြစ်သည့် ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ၍ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သလို လူပေါင်းတစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။
ဖနွမ်းပင်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ Sinovac Biotech ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်ထားသော Sinovac COVID-19 ကာကွယ်ဆေးဖြင့် နိုင်ငံသားများအား ဧပြီ ၁ ရက်က ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် မြို့နေပြည်သူများ တန်းစီစောင့်ဆိုင်းနေသည်ကို ဧပြီ ၁ ရက် တွေ့ရစဉ်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် အမျိုးသမီးတစ်ဦး...
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၈၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃ ခုထံ ကာကွယ်ဆေးကူညီ ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံပေါင်း ၄၀ ကျော်ထံ ကာကွယ်ဆေးများ တင်ပို့လျက်ရှိသလို ကာကွယ်ဆေးသုတေသန၊ ဖော်ထုတ်မှုနှင့် ထုတ်လုပ်မှုတွင် နိုင်ငံ ၁၀ နိုင်ငံကျော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း...
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို လေ့လာရန်အတွက် မူရင်းအချက်အလက် ပံ့ပိုးပေးခြင်းမရှိဟူသော ပြောဆိုချက်သည် ခိုင်လုံမှုမရှိကြောင်း အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေးများ မတ် ၃၁ ရက်က ကိုလံဘိုမြို့ Bandaranaikeအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ သီရိလင်္ကာနိုင်ငံသမ္မတ Gotabaya Rajapaksaဦးဆောင်သော ဝန်ကြီးအဖွဲ့က လေဆိပ်သို့ သွားရောက် ကြိုဆိုလက်ခံခဲ့ကြသည်။
ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မတ် ၃၁ ရက် ၈:၀၀ နာရီမှစ၍ တစ်မြို့လုံးလွှမ်းခြုံ အစိုးရစရိတ်ခံ Nucleic acid ဆေးစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ မတ် ၃၁ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီ အတွင်း အသစ်ထပ်တိုး ကိုဗစ် အတည်ပြုလူနာ(၆)ဦး၊ လက္ခဏာမပြရောဂါကူးစက်သူ (၂၃)ဦး ရှိကြောင်း၊ ယင်းတွေ့ရှိမှု အားလုံးမှာ ရွှေလီမြို့တွင် ဖြစ်ကြောင်း ယူနန်ပြည်နယ်...
ပေကျင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ မူအရင်းအမြစ် ခြေရာခံခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌ ပထမဆုံး လူနာ ဖော်ထုတ် တွေ့ရှိခြင်းမတိုင်မီကတည်းက နိုင်ငံများစွာတွင် ပြန့်နှံ့နေဖွယ်ရှိကြောင်း ဖော်ပြထားဟု မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
ဂျီနီဗာ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံနှင့်အတူ ဗိုင်းရပ်စ်လမ်းကြောင်းများနှင့် နိုင်ငံအရပ်ရပ်၌ နောက်ထပ် စုံစမ်းစစ်ဆေးရေးများ အပါအဝင် ကိစ္စရပ်များ ပူးတွဲသုတေသနပြုလုပ်ပြီးနောက် ကမ္ဘာ့ COVID-19 မူလအရင်းအမြစ်ခြေရာခံခြင်းဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို မတ် ၃၀ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။