Connect with us

News

ရှီက အဆောက်အဦပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအစွမ်းကုန် ဆောင်ရွက်ရန် အမိန့်ပေး ညွှန်ကြား

တရုတ်နိုင်ငံအလယ်ပိုင် ဟူနန်ပြည်နယ် ချန်းရှမြို့၌ အဆောက်အဦပြိုကျမှုဖြစ်ပွားသော အခင်းဖြစ်နေရာသို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဝမ်းယန် နှင့် ဗဟို နှင့် ဒေသဆိုင်ရာအာဏာပိုင်များက ဧပြီ ၃၀ ရက်တွင် ရောက်ရှိလာစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများကို အစွမ်းကုန်လုပ်ဆောင်သွားရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအလယ်ပိုင် ဟူနန်ပြည်နယ် ချန်းရှမြို့၌ ဧပြီ ၂၉ ရက်တွင် ပြိုကျသွားသော အဆောက်အဦအားတွေ့ရစဉ်(ဆင်ဟွာ)

ဟူနန်ပြည်နယ် မြို့တော် ချန်းရှမြို့ ဝမ်းချန်ခရိုင်၌ သောကြာနေ့(ဧပြီ ၂၉ ရက်) မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်တွင် ယင်းမတော်တဆမှုဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလိုပင် ရှီက အထက်ပါအတိုင်း အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ ရှီက အသက်ရှင်ကျန်ရစ်သူများအား ကယ်ထုတ်နိုင်ရန် နှင့် ဒုတိယအကြိမ် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးရန် တက်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ရှီက  မတော်တဆဖြစ်ပွားရသည့်အကြောင်းအချင်းအရာကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် နှင့် ဖြစ်စဉ်ဆိုင်ရာ တရားဝင် သတင်းအချက်အလက်ကို ချက်ခြင်း ထုတ်ပြန်ပေးသွားရန်  အမိန့်ပေး ညွှန်ကြားခဲ့သည်။

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် နှင့် လူမှုဘဝ တည်ငြိမ်ရေး အာမခံရန် (ကိုယ့်ဟာကိုယ်-ဆောက်လုပ်ထားသော အဆောက်အဦများ) ၏ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးအသိပညာပေးလှုံ့ဆော်မှုတစ်ခု ပြုလုပ်ရန်အတွက် ရှီက တိုက်တွန်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးပေါ်လစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင်လည်းဖြစ်သူ ဝန်ကြီးချုပ်လီခဲ့ချန်က အဆောက်အဦ အပျက်အစီးပုံအကြား ပိတ်မိနေသူများကို အမြန်ဆုံး ကယ်ထုတ်နိုင်ရန် နှင့် ဆောက်လုပ်ရေးကဏ္ဍတွင် အထူးသဖြင့် စီးပွားရေးလုပ်ငန်းသုံး လည်ပတ်ရန်အတွက် မိမိဘာသာဆောက်လုပ်ထားသော အဆောက်အဆောက်အဦများတွင် ကြီးကြီးမားမား မတော်တဆမှုကို ကာကွယ်တားဆီးရန် ဒေသဆိုင်ရာအာဏာပိုင်များအား လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဝမ်းယန် နှင့် ဗဟို နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် အခင်းဖြစ်နေရာသို့ ဧပြီ ၃၀ရက်တွင် ရောက်ရှိခဲ့ကြောင်း နှင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

………………………………..

(English Version)

Xi orders all-out rescue efforts after building collapse

BEIJING, April 30 (Xinhua) — Chinese President Xi Jinping has ordered search and rescue efforts at all costs after a self-constructed residential building collapsed in central China’s Hunan Province.

Xi made the instruction immediately after the incident, which took place at 12:24 p.m. on Friday in Wangcheng District in the provincial capital Changsha.

Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, urged all-out efforts to save the injured and prevent secondary disasters.

Xi ordered a thorough investigation into the cause of the incident and the disclosure of authoritative information promptly.

Xi asked for a nationwide special campaign to defuse risks with self-constructed buildings to protect people’s lives and property and ensure social stability.

Premier Li Keqiang, also a member of the Standing Committee of the Political Bureau of the CPC Central Committee, urged swift efforts to rescue the trapped and ordered local authorities to address the risks in the construction sector, especially with self-constructed buildings used for operating businesses, to prevent major accidents.

State Councilor Wang Yong and officials from central and local authorities have arrived at the scene, and the search and rescue efforts are still underway.

Photo- State Councilor Wang Yong and officials from central and local authorities guide the search and rescue work at the collapse site of a self-constructed residential building in Changsha, central China’s Hunan Province, April 30, 2022. (Xinhua/Shen Hong)