ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တာဝန်ရှိသူများက စံပြုထိုက်သည့် အမျိုးသမီး ၈၀၀ ဦးနှင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထောက်ပံ့ကူညီခဲ့သည့်အဖွဲ့ ၂၀၀ တို့ကို စက်တင်ဘာ ၂၉ ရက်က ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက COVID-19 အလွန်ခေတ်တွင် ကမ္ဘာ့အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံတကာအစီအစဉ် တိုးတက်မှုရှိစေရန် မှန်ကန်သောရွေးချယ်မှုပြုလုပ်ရန် နိုင်ငံအားလုံးကို စက်တင်ဘာ ၂၈ ရက်က တိုက်တွန်းပြောကြားလိုက်သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ဝင်ရောက်ပြသရန် စီးပွားရေးပြခန်းများအတွက် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက စက်တင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များသည် အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ကျဆုံးလေပြီးသော နိုင်ငံ့သူရဲကောင်းများအား လွမ်းသူ့ပန်းခြင်းချခြင်းဖြင့် ဂုဏ်ပြုကြမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်အရ...
ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များက COVID-19 ကာကွယ်ဆေး ရရှိရန် အချိန်နှင့်တစ်ပြေးညီ အပြိုင်အဆိုင် ဖော်ထုတ်လျက်ရှိရာ သုတေသနနှင့်ဖွံဖြိုးတိုးတက်ရေးတွင် ကာကွယ်ဆေး၏ဘေးကင်းမှုကို ဦးစားပေးအဖြစ် ထားရှိသင့်ပေသည်။
ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Beijing Daxing နိုင်ငံတကာလေဆိပ်သည် စက်တင်ဘာ ၂၅ ရက်တွင် လုပ်ငန်းလည်ပတ်ခြင်းတစ်နှစ်ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အဓိက စီမံကိန်းများစတင်ခြင်း ပြန်လည်ဆောင်ရွက်ခြင်းနှင့် လူမှုရေးဆိုင်ရာ ငွေကြေးရင်းနှီးမြှုပ်နှံမှုအပေါ် အားပေးခြင်းတို့ကြောင့် ယခုနှစ် ပထမရှစ်လအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မှုရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။
ထျန်းကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက် (World Intelligence Congress (WIC)) ကို တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ၂၀၂၁ ခုနှစ် မေလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ထျန်းကျင်းမြူနီစီပယ်အစိုးရ ပြောကြားချက်အရ သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မျှဝေရန်ဆန္ဒရှိခြင်းက ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်တစ်ရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဟူးဟောက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ ခုနှစ်မှစ၍ နယ်စပ်စခန်းမြို့ဖြစ်သော Erenhot မှတစ်ဆင့် တရုတ်-ဥရောပ ကုန်စည်ရထား စုစုပေါင်း ၅,၀၈၈ စင်း ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသရထားလမ်းလုပ်ငန်း၏ သတင်းရင်းမြစ်များအရ သိရသည်။