Connect with us

Media

နွေဦးပွဲတော်နှင့် ၂၀၂၂ ပေကျင်းအိုလံပစ်ပွဲတော် တစ်ပြိုင်တည်းကျရောက်

ပေကျင်း ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲမတိုင်မီ သုံးရက်အလို ၊ဖေဖော်ဝါရီ ၁ ရက်သည် တရုတ်နှစ်သစ်ကူးနေ့ ဖြစ်သည်။ နိုင်ငံတကာအားကစားသမားများ၊ နည်းပြများနှင့် သတင်းမီဒီယာသမားများ အတွက် တရုတ်နိုင်ငံ၏ ယခုနှစ် ယခုအချိန်ကာလ တစ်မူထူးခြားမှုကို တွေ့ကြုံခံစားခွင့်ရရှိကြမည်ဖြစ်သည်။

မိသားစု ပြည်လည်ဆုံဆည်းမှုအထိမ်းအမှတ် ညစာစားပွဲများ၊ နှစ်ကြောင်းကဗျာ ဆုတောင်းစာများနှင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းများကို တရုတ်နှစ်သစ်ကူးပွဲတော်ဟုခေါ်သည့် နွေဦးပွဲတော် ကာလအတွင်း ပြုလုပ်ကျင်းပကြပါသည်။

နွေဦးပွဲတော် နီးကပ်လာသော်လည်း ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် အရေးကြီးသည့် ဆောင်ရွက်မှုများကို မျက်ခြေမပြတ်အောင် လုပ်ဆောင်နေရသည်။

၂၀၂၂ခုနှစ်အတွက် နွေဦးပွဲတော်သည် ဖေဖော်ဝါရီလ (၁)ရက်တွင် ကျရောက်သည်။
ယင်းနေ့သည် ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲမတိုင်ခင် သုံးရက်အလိုဖြစ်သည်။
နိုင်ငံတကာအားကစားသမားများ၊ နည်းပြများနှင့် သတင်းမီဒီယာသမားများ အတွက်တော့ တရုတ်နိုင်ငံ၏ အရေးကြီးဆုံးပွဲတော်များအနက် တစ်ခုဖြစ်သည့် ယခုနွေဦးပွဲတော်ကာလအတွင်း တစ်မူထူးခြားသည့် အတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။

အဲလက်စ် အမ်းစထရောင်း
ထုတ်လုပ်ရေးနှင့်နည်းပညာ ၀န်ထမ်း
အိုလံပစ်ပွဲတော် အသံလွှင့် ဌာန
“အတိအကျပြောရရင် ဒါက ကျွန်တော်အတွက်တရုတ်နှစ်သစ်ကူးပွဲတော်ကို ပထမဆုံးအကြိမ်ဆင်နွှဲတာပါပဲ။
ကျွန်တော် အင်္ဂလန်ကို မပြန်ခင် တရုတ်ယဉ်ကျေးမှုကို ပိုပြီး တွေ့ကြုံခံစားကြည့်သွားချင်တယ်။
အစားအသောက်တွေကိုလည်း တကယ်ကြိုက်တယ်။
အိုလံပစ်ပွဲကို အတူတကွ လာရောက်ဆင်နွှဲကြတဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေနဲ့ ဆုံတွေ့ရတာ တကယ့်ကို အံ့အားသင့်စရာပါပဲ။”

DIMA

“ကျွန်တော်က ကနေဒါနိုင်ငံ၊ British ကိုလံဘီယာ ပြည်နယ်ကပါ။ တရုတ်ယဉ်ကျေးမှုဟာ တကယ့်ကို ကြီးမားကျယ်ပြန့်လှပါတယ်။
တရုတ်လူအဖွဲ့အစည်းကလည်း တကယ်ကို ကြီးမားပြီး တရုတ်လူမျိုးတွေနဲ့ ယဉ်ကျေးမှုဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို သဘာ၀ဆန်တဲ့အလှတရားတွေ ဖြစ်ပါတယ်။”

ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးပါ။ (Xinhua)

—————————-
(English Version)
GLOBALink | Coinciding with Spring Festival, Beijing 2022 celebrates togetherness
The family reunion dinner, pasting couplets and setting off fireworks are must-dos during the Chinese New Year, or the Spring Festival.
But for this upcoming Spring Festival, watching the Beijing Winter Olympics will also become an important activity.
The 2022 Spring Festival falls on February 1, three days before the opening of the Winter Games.
For foreign athletes, coaches, and media personnel, it is a unique experience to be in China during one of the most important festivals in the country.

Produced by Xinhua Global Service