ဝူဟန့်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းသည် အာကာသနည်းပညာ”စွမ်းအင်သစ်” ကို ပျိုးထောင်ရာတွင် အရေးကြီးသော အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ဝူးလူမုချီ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လမ်းဖောက်လုပ်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုပမာဏသည် ယွမ် ၆၃.၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၉.၉ ဘီလီယံခန့်) ရှိကြောင်း ဒေသအစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့အား COVID-19 ရောဂါအတွက် အလယ်အလတ်နှင့် မြင့်မားသောအန္တရာယ်ဧရိယာများ အဖြစ်မှ ကင်းစင်သွားပြီဖြစ်ကာ နိုဝင်ဘာ ၂၆ ရက်၌ ရောဂါအန္တရာယ်နည်းပါးအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။
ဟန်ကျိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Sijaldo နှင့် နိုဝင်ဘာ ၂၅ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံစဉ် အမေရိကန်နိုင်ငံ၏ မကြာသေးမီက စီစဉ်သည့် အမည်ခံ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးအပေါ် လေးနက်သော ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ဟန်ကျိုး၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌနှင့် မော်လ်ဒိုက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahidအား နိုဝင်ဘာ ၂၅ ရက်က ကျဲ့ကျန်းပြည်နယ် အန်းကျီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
Xilin Gol ၊ အတွင်းမွန်ဂိုလီးယား ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဆီးနှင်းများကျဆင်းပြီးနောက် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီယား Xilin Gol မြက်ခင်းပြင်ရှိ အရာအားလုံးသည် ရေခဲဖြင့်ဖုံးလွှမ်းနေသော အံ့မခန်းဖွယ် မြင်ကွင်းကို တွေ့မြင်နိုင်သည်။ (Xinhua) ………………………………………… (Chinese Version) (环境)雪后草原 新华社照片,锡林郭勒(内蒙古),2021年11月26日...
ဆန်ရှီး၊နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက”၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” သည် မြစ်ဝါမြစ်ဝှမ်းရှိ ဂေဟစနစ်ကာကွယ်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသောကာလဖြစ်သည်။တရုတ်နိုင်ငံ ဆည်မြောင်းလုပ်ငန်းဝန်ကြီးဌာနသည် မြစ်ရေနှင့်မြေဆီလွှာ ထိန်းသိမ်းကာကွယ်မှုကို ထဲထဲဝင်ဝင် လုပ်ဆောင်ပြီး ဂေဟစနစ် ကာကွယ်ရေးနှင့် ပြန်လည်ပြုပြင်ရေးကို မြှင့်တင်ကာ မြစ်ဝါမြစ် ကာကွယ်ရေးကို စဉ်ဆက်မပြတ်...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် နှင်းနဂါး-၂ “Xuelong2”ဝင်ရိုးစွန်း ရေခဲခွဲသင်္ဘောကြီးသည် ၃၈ ကြိမ်မြောက် အန္တာတိက သိပ္ပံဆိုင်ရာ လေ့လာရေးခရီးကို စတင်ရန်အတွက် အင်္ဂါနေ့က ရှန်ဟိုင်းမြို့မှ မောင်းနှင်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဖွဲ့ဝင် ၁၀၁ ဦးပါဝင်သည့်အဆိုပါသင်္ဘောကြီးသည် နိုဝင်ဘာ ၅ ရက်က...
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမည်ခံဒီမိုကရေစီ ထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ရန် ထိုင်းဝမ်အား အမေရိကန်နိုင်ငံက ဖိတ်ကြားမှုကို တရုတ်နိုင်ငံက နိုဝင်ဘာ ၂၃ ရက်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကျိုချွမ်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကြာသပတေးနေ့တွင် ဂြိုဟ်တုသစ်တစ်စင်းလွှတ်တင်ခဲ့သည်။