Connect with us

Media

တရုတ်နိုင်ငံ “Snow Dragon 2 “သင်္ဘောကြီး၏ ၃၈ ကြိမ်မြောက် အန္တာတိကလေ့လာရေးခရီးစဉ် စတင်

ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် နှင်းနဂါး-၂ “Xuelong2”ဝင်ရိုးစွန်း ရေခဲခွဲသင်္ဘောကြီးသည် ၃၈ ကြိမ်မြောက် အန္တာတိက သိပ္ပံဆိုင်ရာ လေ့လာရေးခရီးကို စတင်ရန်အတွက် အင်္ဂါနေ့က ရှန်ဟိုင်းမြို့မှ မောင်းနှင်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင် ၁၀၁ ဦးပါဝင်သည့်အဆိုပါသင်္ဘောကြီးသည် နိုဝင်ဘာ ၅ ရက်က အဖွဲ့ဝင် ၁၅၄ ဦး တင်ဆောင်သွားသည့် အခြား ရေခဲခွဲသင်္ဘော “Xuelong”နှင့်အတူ ဝင်ရိုးစွန်းလေ့လာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ Polar Research Instituteက ပြောကြားခဲ့သည်။

ဤခရီးစဉ်တွင် တောင်ဝင်ရိုးစွန်း၌ ဇလဗေဒဆိုင်ရာ၊ မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စူးစမ်းလေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပြီး အန္တာတိကသမုဒ္ဒရာအတွင်း မိုက်ခရိုပလတ်စတစ်များနှင့် လွင့်မြောနေသော အမှိုက်များကဲ့သို့သော ညစ်ညမ်းမှုအသစ်များကို စောင့်ကြည့်စစ်ဆေးခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Xuelong 2သည် ယင်းဒေသရှိ ကျုံးဆန်းစခန်းနှင့်မဟာဂရိတ်ဝေါ စခန်းထောက်ပို့ရေးပစ္စည်းများနှင့် အလှည့်ကျ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအား သယ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောနှစ်စင်းသည် လာမည့်နှစ် ဧပြီလလယ်ပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
GLOBALink | China’s polar icebreaker Snow Dragon 2 sets sail for 38th Antarctica expedition
2021-11-24 16:55:46
SHANGHAI, Nov. 24 (Xinhua) — Xuelong 2, China’s first domestically-built polar icebreaker, set off Tuesday from Shanghai for the country’s 38th Antarctic scientific expedition.
The vessel, carrying a 101-member team, will work with another icebreaker Xuelong, which set sail on Nov. 5 with 154 members on board for the polar expedition, said the Polar Research Institute of China.
Hydrological, meteorological, and environmental investigations in the South Pole and monitoring of new pollutants like microplastics and drifting garbage in the Antarctic Ocean will take place during this scientific expedition.
It will also carry supply and rotational staff to China’s Zhongshan Station and Great Wall Station in the region.
The two ships are expected to return to China in mid-April next year.
Produced by Xinhua Global Service