ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အများဆုံးဖြစ်ပွားခဲ့သည့် ဟူပေပြည်နယ်တွင် မြို့တော် ဝူဟန့်ရှိဆေးရုံမှ နောက်ဆုံးလူနာ ၁၂ ဦး ဆေးရုံမှဆင်းသွားပြီးနောက် ယခုအခါ COVID-19 လူနာကင်းစင်သွားပြီဖြစ်သည်။ နိုင်ငံတစ်ခုလုံးအနေဖြင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး တိုက်ပွဲကို အနိုင်ရရှိရန် ခြေတစ်လှမ်းနီးကပ်လာပြီဖြစ်သည်။
ဆန်းကျန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအတွင်း လူငယ်များက မိမိတတ်စွမ်းရာနေရာမှ ပါဝင်လျက် စေတနာ့ဝန်ထမ်းခဲ့ကြရာ ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့သည့် လီဝန်ချီ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါသည်။
ပေကျင်း ၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ မေလ ၁ ရက် ထုတ်ပြန်ကြေညာချက်အရ တရုတ် နိုင်ငံ တွင် ကပ်ရောဂါ အား ကောင်းမွန်စွာဖြင့် နောက်တစ်ဆင့် ခိုင်မာစွာ ကာကွယ်ထိန်းချုပ်လာ...
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီကြီးတစ်ခု၏ ဝန်ထမ်းများထံမှ စာတစ်စောင်အား ဧပြီ ၃၀ ရက်က ပြန်ကြားခဲ့ပြီး အဆိုပါ ဝန်ထမ်းများနှင့် နိုင်ငံတစ်ဝန်းရှိ အခြား အလုပ်သမားပြည်သူများထံသို့ ကမ္ဘာ့အလုပ်သမားနေ့အတွက် နှုတ်ခွန်းဆက်လိုက်သည်။
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ လျော့ကျလာသဖြင့် အမျိုးသားပြတိုက်ကို အများပြည်သူအားလပ်ရက်ငါးရက်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ၎င်း၏ဝက်ဘ်ဆိုက်စာမျက်နှာ ကြော်ငြာစာအရ သိရသည်။
ဘူဒါပတ်စ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ဟန်ဂေရီနိုင်ငံအတွက် လွန်စွာလိုအပ်လျက်ရှိသည့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ တင်ဆောင် လာသော တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် ဧပြီ၂၇ ရက်က ဘူဒါပတ်စ်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ယခုနှစ် မတ်လအထိ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၉၀၄ သန်းအထိ ရှိလာပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ကထက် ၇၅.၀၈ သန်း မြင့်တက်လာခဲ့ကြောင်း ဧပြီ ၂၈ ရက်၌ ထုတ်ပြန်လိုက်သည့် တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအရ...
ပေကျင်း၊ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အက်ကွီတိုးရီးယဲလ်ဂီနီနိုင်ငံ(Equatorial Guinea) သံအမတ်ကြီး German Ekua Sima Abaga က COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ထောက်ခံကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မတ်လအတွင်း စက်မှုလုပ်ငန်းသုံး စက်ရုပ်ထုတ်လုပ်မှုသည် မနှစ်ကထက် ၁၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မတ်လတွင်ထုတ်လုပ်မှုပေါင်း ၁၇,၂၄၁ ယူနစ်ရှိကြောင်း တရားဝင် အချက်အလက်များ အရသိရသည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်သည် ဧပြီ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။